Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့မှ ရဲတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ရဲတပ်သားမင်းခန့်ဝေသည် လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဟုလည်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြည်သူအား အသိပေး ထားသည်။

ကလေးမြို့တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် CDM ​ပြုလုပ်ကာ ပြည်သူ့ထံခိုလှုံလာသည်ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

ရဲတပ်သားမင်းခန့်ဝေ( ကိုယ်ပိုင်အမှတ် လ – ၂၉၀၄၄၇) သည် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုတော့သဖြင့် နိုဝင်ဘာ ၂၇ရက်တွင် CDM ​ပြုလုပ်လာခြင်းဟု သတင်းထုတ်ပြန်ထားသည်။

ရဲတပ်သားမင်းခန့်ဝေသည် လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဟုလည်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြည်သူအား အသိပေး ထားသည်။

ကလေးမြို့တွင် နိုဝင်ဘာ ၂၆ ရက်နောက်ပိုင်း တိုက်ပွဲမဖြစ်ပွားသော်လည်း စစ်ကောင်စီက အင်အားတိုးနေဆဲဖြစ်​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နှစ်သောင်းတန်ငွေစက္ကူအား ခရိုင်အတွင်းရှိ သုံးမြို့နယ်စလုံး၌ အသုံးပြုခွင့်မပေးကြောင်း ကလေးခရိုင် ပကဖက သတိပေးကြေညာထားခြင်းဟု ဆိုသည်။က​လေးခရိုင်တွင်က​လေး ၊က​လေးဝ ၊မင်းကင်းမြို့နယ်တို့ပါဝင်သည်။

သတင်း

ကမ္မမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၅ ရက် နံနက် ၉နာရီခန့်က ထွက်လာစဉ် ရဲစခန်းနှင့်မလှမ်းမကမ်းမှာပင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က​ပြောသည်။

သတင်း

တံတားမိုင်းခွဲခံရစဉ် ပျက်စီးခဲ့သည့် ကားပေါ်ပါသူအချို့ထိခိုက်သေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများမှာလည်း သထုံခရိုင် ဥပဒေရုံးမှ ဝန်ထမ်းစိုးမိုးဆိုသူ ဖြစ်ကြောင်း နယ်မြေခံ KNLA ဘက်က အသိပေးသည်။

သတင်း

ဇွန်လ ၅ရက်တွင် မြန်မာနိုင်ငံရှမ်းပြည်အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံးမှ မုံးကိုးခရိုင် ပန်းဆိုင်ဒေသနှင့် ဘေးပတ်လည်ဒေသရှိ လက်နက်ကိုင် ပြန်ပေးဆွဲခြင်းနှင့် လူသတ်သော ရာဇဝတ်မှု ဂိုဏ်းအဖွဲ့ကို ဥပဒေအရ တရားစီရင်ခဲ့ကြောင်း​ဖော်ပြထားသည်။