Connect with us

Hi, what are you looking for?

News

က​လေးမြို့မှ ရဲတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ရဲတပ်သားမင်းခန့်ဝေသည် လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဟုလည်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြည်သူအား အသိပေး ထားသည်။

ကလေးမြို့တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် CDM ​ပြုလုပ်ကာ ပြည်သူ့ထံခိုလှုံလာသည်ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

ရဲတပ်သားမင်းခန့်ဝေ( ကိုယ်ပိုင်အမှတ် လ – ၂၉၀၄၄၇) သည် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုတော့သဖြင့် နိုဝင်ဘာ ၂၇ရက်တွင် CDM ​ပြုလုပ်လာခြင်းဟု သတင်းထုတ်ပြန်ထားသည်။

ရဲတပ်သားမင်းခန့်ဝေသည် လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဟုလည်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြည်သူအား အသိပေး ထားသည်။

ကလေးမြို့တွင် နိုဝင်ဘာ ၂၆ ရက်နောက်ပိုင်း တိုက်ပွဲမဖြစ်ပွားသော်လည်း စစ်ကောင်စီက အင်အားတိုးနေဆဲဖြစ်​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...