Connect with us

Hi, what are you looking for?

News

အမျိုးသား​နေ့ ဂုဏ်ပြုသည်ဆိုကာ ပဲခူးခရိုင်ရဲတပ်ဖွဲ့ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်

“အုန်းခနဲ အုန်းခနဲ အသံအကျယ်ကြီး နှစ်ခါကြားလိုက်တယ်။ ရွှေအောင်ရွေးဘုရားဘက်က ပစ်ခတ် သံတော့မကြားမိဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

-ရဲနှစ်ဦးဒဏ်ရာပြင်းထန်ပြီး ကားတစ်စီးပျက်စီးဟု ပဲခူးPDF ထုတ်ပြန်

ပဲခူးခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲကားနှစ်စီးကို ယနေ့(နိုဝင်ဘာ ၂၈)တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူးမြို့နယ်)က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယနေ့နေ့လယ် ၂ နာရီခွဲခန့်က ပဲခူးခရိုင်ရဲတပ်ဖွဲ့ရုံးမှထွက်လာသော ရဲကားနှစ်စီးကို ရွှေအောင်ရွေးဘုရားလမ်းပေါ်တွင် မိုင်းနှစ်လုံးဆက်တိုက်ဆွဲ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကားနှစ်စီးအနက်တစ်စီးဘီးပွင့်ကာ ကျန်တစ်စီးမှာမောင်းမရတော့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

“အုန်းခနဲ အုန်းခနဲ အသံအကျယ်ကြီး နှစ်ခါကြားလိုက်တယ်။ ရွှေအောင်ရွေးဘုရားဘက်က ပစ်ခတ် သံတော့မကြားမိဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များအားတိုက်ခိုက်ခြင်းမှာ ယနေ့ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတိုက်ခိုက်ခြင်းဖြစ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူးမြို့နယ်)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။​နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။