Connect with us

Hi, what are you looking for?

News

ဝက်လက်နယ်က သမရိုးရွာကို အကြမ်းဖက်စစ်တပ်ဝင်​ရောက်ဖျက်ဆီး၊ က​လေးစုဘူးများပါမကျန် ခိုးယူသွားဟု ​ရွာခံများ​ပြော

အကြမ်းဖက်စစ်တပ်၏ လုယက်ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ်နှင့် ဆိုင်များမှ ဆုံးရှုံးခဲ့ရသော တန်ဖိုးစုစုပေါင်း အနည်းဆုံးကျပ်သိန်း ၅၀ကျော်ရှိသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ သမရိုးကျေးရွာမှ နေအိမ်နှင့် စျေးဆိုင်များကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖျက်ဆီးခဲ့ပြီး ကလေးစုဘူးပါ မကျန်ခိုးယူသွားကြောင်း ဒေသခံများက ​ပြောသည်။

နိုဝင်ဘာ ၂၉ ရက် နေ့လည်ပိုင်းကစ၍ သမရိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား၅၀ခန့်ဖြင့် ဝင်ရောက်ကာ အာဏာရှင်တော်လှန်ရေးတွင် ပါဝင်သူများဟု စွပ်စွဲပြီးရွာခံများ၏ ပစ္စည်းများကို ဖျက်ဆီးခိုးယူ သွားခြင်းဟု ဒေသခံတစ်ဦးက ဆိုသည်။

“ပျူစောထီးလိုလို ဒလန်လိုလို ကောင်တွေလည်းပါတယ်။ရွာမှာ PDF ထောက်ခံသူပေါတယ်ဆိုပြီ ဝင်လာတာ။တံခါးတွေဖျက်။ပစ္စည်းတွေ ဖျက်ဆီးတယ်။ပြီး တော့ ငွေလေးသောင်းကျော်လောက်ရှိတဲ့ ကလေးစုဘူးပါ ခိုးသွားတယ်။အလောတကြီးထွက်ပြေးရတော့ ကျန်ခဲ့တဲ့ ဖုန်းတွေ ကွန်ပျူတာတွေလည်းယူသွားကြတယ်”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ လုယက်ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ်နှင့် ဆိုင်များမှ ဆုံးရှုံးခဲ့ရသော တန်ဖိုးစုစုပေါင်း အနည်းဆုံးကျပ်သိန်း ၅၀ကျော်ရှိသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၃ ရက်ကလည်း ဝက်လက် ဒေသတွင်းရှိ နောင်ကြီးအိုင်ကျေးရွာရှိ ရွာခံပြည်သူ့နေအိမ်ငါးလုံးကို နာမည်စာရင်းဖြင့် ဝင်ရောက်မွှေနှောက်ကာ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများ၊ ငွေသားများကို ခိုးယူသွားခဲ့သည်ဟု ရွာခံများက ​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဝက်လက်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းရှိ ပြည်သူတပ်ဖွဲ့များအား ကောင်းသည့် ကျေးရွာများသို့ ဝင်ရောက်မွှေ​နှောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ပစ္စည်းများလုယက်ခြင်းအပြင် ပြည်သူများကိုပါ အကြောင်းမဲ့ ပစ်သတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။