Connect with us

Hi, what are you looking for?

News

NUG​ငွေတိုက်စာချုပ်​ရောင်းချမှုတစ်ပါတ်ရပ်နား၊ ဒီဇင်ဘာ၆ တွင်ပြန်​ရောင်းမည်

ထိုအပြင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရောင်းချခဲ့သည့် ငွေတိုက်စာချုပ်များကို အချိန်မီထုတ်ဝေ၍ ပြန်လည်ပေးပို့သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း NUGကဆိုသည်။

ငွေတိုက်စာချုပ်များကို အချိန်တိုအတွင်း ဝယ်ယူမှုများပြားလွန်းသည့်အတွက်သက်ဆိုင်ရာဘဏ်များ၏စည်းမျှဥ်းစည်းကမ်းများနှင့်အညီ ညှိနှိုင်း​ဆောင်ရွက်ရန်ရှိလာသဖြင့်
ရောင်းချမူကို တစ်ပတ်ရပ်နားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၉ ရက်ညမှစ၍ ​​ငွေတိုက်စာချုပ်​ရောင်းချမှုကိုတစ်ပါတ်ရက်နားပြီး ဒီဇင်ဘာ ၆ ရက်(တနင်္လာနေ့)​နေ့တွင် ပြန်လည်​ရောင်းချမည်ဟု​ဖော်ပြထားသည်။သို့​သော်
Order ID ရယူထားပြီးသူများအနေဖြင့်သက်ဆိုင်ရာဘဏ်စာရင်းသို့ ငွေလွှဲသည့်လုပ်ငန်းစဉ်အား ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်နိုင်​ကြောင်းလည်းအသိ့​ပေးထားသည်။

ထိုအပြင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရောင်းချခဲ့သည့် ငွေတိုက်စာချုပ်များကို အချိန်မီထုတ်ဝေ၍ ပြန်လည်ပေးပို့သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း NUGကဆိုသည်။

“အခက်အခဲများ စိန်ခေါ်မှုများကြားမှ တော်လှန်ရေးအောင်စိတ်၊ ပြင်းပျသောဆန္ဒ၊ ပြတ်သားသော သန္နိဋ္ဌာန်ဖြင့် အားထုတ်ဝယ်ယူကြသည့်အတွက် လေးစားစွာဦးညွတ်ပါသည်”ဟုလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

NUG ကရောင်းချသောငွေတိုက်စာချုပ်များမှာနိုဝင်ဘာ ၂၅ရက်မွန်းလွှဲပိုင်းအထိ့ဒေါ်လာ၁၃သန်းကျော်ရောင်းချပြီးဖြစ်သည်။

NUG၏ငွေတိုက်စာချုပ်များကို ရောင်းချမူကို ချက်နိုင်ငံ၏ Fio Banka ဘဏ်ကလက်ခံခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၃ ရက်တွင် NUG၏ငွေတိုက်စာချုပ်များကို စင်ကာပူနိုင်ငံက ဝယ်ယူရာတွင် ငွေလွဲမူပမာဏများ၍ စင်ကာပူ ဘဏ်နှစ်ခုဖြစ်သည့် POSBနှင့် DSBဘဏ်တို့၏ ဒစ်ဂျစ်တယ်ဘဏ်စနစ်များနှောင့်နှေးပြတ်တောက်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook