Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာဘက်ကပို့​သောဖရဲသီးများ၌ ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ တရုတ်စစ်ဆေး

“ယနေ့စစ် All negative ပါဗျား။ဖရဲသီးများကျန်းမာပါစေ” ဟုမူဆယ်- နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးအသင်းဒုတိယ ဥက္ကဌ ဦးစိုင်းခင်မောင်က သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးတင်ထားသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်ကျင်ဆန်း​ကျော့ဂိတ်ပြန်​ပေးပြီး​နောက်မြန်မာဘက်က ပို့မည့် ဖရဲသီးများတွင်ကိုရိုနာဗိုင်းရပ်စ်ရှိ ၊မရှိ တရုတ်ဘက်ကစစ်ဆေးနေသည်ဟု မူဆယ်ဒေသခံသစ်သီးကုန်သည်များကပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀)တွင် တရုတ်ဘက်သို့ ဖရဲသီးအချို့စတင်ပို့ဆောင်စဥ် ယင်းကဲ့သို့ စစ်ဆေးခံရခြင်းဟု ကုန်သည်အချို့ကပြောသည်။

“ယနေ့စစ် All negative ပါဗျား။ဖရဲသီးများကျန်းမာပါစေ” ဟုမူဆယ်- နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးအသင်းဒုတိယ ဥက္ကဌ ဦးစိုင်းခင်မောင်က သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးတင်ထားသည်။

ကိုဗစ်နှင့်နယ်စပ်လုံခြုံရေးအခြေအနေကြောင့် ပိတ်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်( ကျင်စန်းကျော့ဂိတ်)ကို တရုတ်က နိုဝင်ဘာ ၂၆ရက်ကစ၍ပြန်လည်ဖွင့်လှစ်နေပြီး ဆန်၊ပြောင်းနှင့် သစ်သီးများကို တရုတ်ဘက်သို့ မြန်မာကုန်သည်များက စတင် တင်ပို့နေသည်။ထိုသို့ ပို့ဆောင်နေ
စဥ် မြန်မာဘက်က ပို့မည့် ဖရဲသီးများ၌ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်ပိုး)ရှိမရှိစစ်ဆေးခံနေရခြင်းဖြစ်သည်။ တရုတ်ဘက်သို့ဝင်မည့် မြန်မာကုန်သည်များကိုလည်း ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိ စစ်ဆေးနေပြီး တစ်ကြိမ်စစ်ဆေးပါက မြန်မာကျပ်ငွေတစ်သိန်းပေးနေရသည်ဟု ကုန်သည်များကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။