Connect with us

Hi, what are you looking for?

News

မြန်မာဘက်ကပို့​သောဖရဲသီးများ၌ ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ တရုတ်စစ်ဆေး

“ယနေ့စစ် All negative ပါဗျား။ဖရဲသီးများကျန်းမာပါစေ” ဟုမူဆယ်- နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးအသင်းဒုတိယ ဥက္ကဌ ဦးစိုင်းခင်မောင်က သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးတင်ထားသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်ကျင်ဆန်း​ကျော့ဂိတ်ပြန်​ပေးပြီး​နောက်မြန်မာဘက်က ပို့မည့် ဖရဲသီးများတွင်ကိုရိုနာဗိုင်းရပ်စ်ရှိ ၊မရှိ တရုတ်ဘက်ကစစ်ဆေးနေသည်ဟု မူဆယ်ဒေသခံသစ်သီးကုန်သည်များကပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀)တွင် တရုတ်ဘက်သို့ ဖရဲသီးအချို့စတင်ပို့ဆောင်စဥ် ယင်းကဲ့သို့ စစ်ဆေးခံရခြင်းဟု ကုန်သည်အချို့ကပြောသည်။

“ယနေ့စစ် All negative ပါဗျား။ဖရဲသီးများကျန်းမာပါစေ” ဟုမူဆယ်- နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးအသင်းဒုတိယ ဥက္ကဌ ဦးစိုင်းခင်မောင်က သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးတင်ထားသည်။

ကိုဗစ်နှင့်နယ်စပ်လုံခြုံရေးအခြေအနေကြောင့် ပိတ်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်( ကျင်စန်းကျော့ဂိတ်)ကို တရုတ်က နိုဝင်ဘာ ၂၆ရက်ကစ၍ပြန်လည်ဖွင့်လှစ်နေပြီး ဆန်၊ပြောင်းနှင့် သစ်သီးများကို တရုတ်ဘက်သို့ မြန်မာကုန်သည်များက စတင် တင်ပို့နေသည်။ထိုသို့ ပို့ဆောင်နေ
စဥ် မြန်မာဘက်က ပို့မည့် ဖရဲသီးများ၌ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်ပိုး)ရှိမရှိစစ်ဆေးခံနေရခြင်းဖြစ်သည်။ တရုတ်ဘက်သို့ဝင်မည့် မြန်မာကုန်သည်များကိုလည်း ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိ စစ်ဆေးနေပြီး တစ်ကြိမ်စစ်ဆေးပါက မြန်မာကျပ်ငွေတစ်သိန်းပေးနေရသည်ဟု ကုန်သည်များကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။