Connect with us

Hi, what are you looking for?

News

PDF စခန်းကို လာတိုက်သည့် စစ်ကြောင်းကို KNUနှင့် PDF ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီတပ် ၁၁ဦး သေ၊ CDM ရဲတစ်ဦးကျဆုံး

“ပထမဖြစ်စဉ်က အဲဒီစစ်ကောင်စီက PDF အဖွဲ့ကို သွားပစ်တယ်။ တစ်ယောက် ဆုံးသွားပြီးတော့ AK တစ်လက်ရသွားတယ်။ နောက်မှ ကျွန်တော်တို့ အဖွဲ့နဲ့ သူတို့ နယ်မြေရှင်းလင်းတော့ ထိပ်တိုက် ပစ်ခတ်မှုတွေဖြစ်ပွားတာ”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF) တည်ရှိရာနေရာသို့ လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နင့် PDFတို့ ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးခဲ့​ကြောင်းတပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၂ရက် နံနက် ၈နာရီခွဲခန့်တွင် ကျိုက်ထိုမြို့နယ် ရွှေခဲရိုးကျေးရွာအနီးရှိ PDF တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့၍ CDM ရဲတစ်ဦး ကျဆုံးပြီးလက်နက် တစ်လက်ဆုံးရှုံးခဲ့သည်။ ထို​နောက်နံနက် ၁၀နာရီခန့်တွင် အဆိုပါစစ်ကောင်စီတပ်ကို KNU/PDF ပူးပေါင်းအဖွဲ့တို့က လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပထမဖြစ်စဉ်က အဲဒီစစ်ကောင်စီက PDF အဖွဲ့ကို သွားပစ်တယ်။ တစ်ယောက် ဆုံးသွားပြီးတော့ AK တစ်လက်ရသွားတယ်။ နောက်မှ ကျွန်တော်တို့ အဖွဲ့နဲ့ သူတို့ နယ်မြေရှင်းလင်းတော့ ထိပ်တိုက် ပစ်ခတ်မှုတွေဖြစ်ပွားတာ”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

KNU တပ်မဟာ(၁)နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျိုက်ထိုမြို့နယ် အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့သည်။ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဘိုက္ကားကျေးရွာအနီး၌ KNU တပ်မဟာ(၁)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ KNU တပ်မဟာ(၁)နယ်မြေတွင် နိုဝင်ဘာလအတွင်းကလည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်