Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီကို ဖိအားတိုးမြှင့်ဖို့ အမေရိကန်ထပ်မံကတိပြု

အမေရိကန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးဟာ အရှေ့တောင်အာရှလေးရက်ကြာခရီးစဥ်အတွင်း စင်ကာပူမှာ ပြောကြားခဲ့ပြီး ကွာလာလမ်ပူ၊ ဂျာကာတာနဲ့စင်ကာပူတို့ကိုသွားရောက်ခဲ့ကာ ဘန်ကောက်မှာ ခရီးစဥ်​ပြီးဆုံးမှာ ဖြစ်ပါတယ်။

-နည်းလမ်းပေါင်းစုံနဲ့ဖိအားပေးရေးနိုင်ငံတကာကို တိုက်တွန်း

ပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ မြန်မာစစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်မှုတိုးမြှင့်ခြင်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးလက်ထောက်ဝန်ကြီးက ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။

“နည်းလမ်းအားလုံးဟာ စားပွဲပေါ်မှာ ရှိပါတယ်။ မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့အကြမ်းဖက်မှု၊ လက်ခံနိုင်ဖွယ်မရှိတဲ့ အာဏာသိမ်းမှုနဲ့ ကျွန်တော်တို့သက် ရောက်ပြောင်းလဲနိုင်တဲ့ဘယ်အရာကိုမဆို လုပ်ဆောင်ဖို့ အမေရိကန်သာမက နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ တာဝန်ရှိပါတယ်”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. Daniel Kritenbrink က ​ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးဟာ အရှေ့တောင်အာရှလေးရက်ကြာခရီးစဥ်အတွင်း စင်ကာပူမှာ ပြောကြားခဲ့ပြီး ကွာလာလမ်ပူ၊ ဂျာကာတာနဲ့စင်ကာပူတို့ကိုသွားရောက်ခဲ့ကာ ဘန်ကောက်မှာ ခရီးစဥ်​ပြီးဆုံးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ “စစ်ကောင်စီအပေါ် ဖိအားမြှင့်တင်ရေး ကျွန်တော်တို့လုပ်ဆောင်နိုင်တဲ့ နောက်ထပ်အဆင့်တွေကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမှာပါ။ ဖိနှိပ်မှုတွေလုပ်ဆောင်ဖို့ စစ်ကောင်စီရရှိနေတဲ့ ဘဏ္ဍာရေးစီးကြောင်းတွေကို ဖြတ်တောက်သွားမှာပါ”လို့ လက်ထောက်ဝန်ကြီး Mr Kritenbrink က ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။