Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီကို ဖိအားတိုးမြှင့်ဖို့ အမေရိကန်ထပ်မံကတိပြု

အမေရိကန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးဟာ အရှေ့တောင်အာရှလေးရက်ကြာခရီးစဥ်အတွင်း စင်ကာပူမှာ ပြောကြားခဲ့ပြီး ကွာလာလမ်ပူ၊ ဂျာကာတာနဲ့စင်ကာပူတို့ကိုသွားရောက်ခဲ့ကာ ဘန်ကောက်မှာ ခရီးစဥ်​ပြီးဆုံးမှာ ဖြစ်ပါတယ်။

-နည်းလမ်းပေါင်းစုံနဲ့ဖိအားပေးရေးနိုင်ငံတကာကို တိုက်တွန်း

ပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ မြန်မာစစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်မှုတိုးမြှင့်ခြင်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးလက်ထောက်ဝန်ကြီးက ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။

“နည်းလမ်းအားလုံးဟာ စားပွဲပေါ်မှာ ရှိပါတယ်။ မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့အကြမ်းဖက်မှု၊ လက်ခံနိုင်ဖွယ်မရှိတဲ့ အာဏာသိမ်းမှုနဲ့ ကျွန်တော်တို့သက် ရောက်ပြောင်းလဲနိုင်တဲ့ဘယ်အရာကိုမဆို လုပ်ဆောင်ဖို့ အမေရိကန်သာမက နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ တာဝန်ရှိပါတယ်”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. Daniel Kritenbrink က ​ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးဟာ အရှေ့တောင်အာရှလေးရက်ကြာခရီးစဥ်အတွင်း စင်ကာပူမှာ ပြောကြားခဲ့ပြီး ကွာလာလမ်ပူ၊ ဂျာကာတာနဲ့စင်ကာပူတို့ကိုသွားရောက်ခဲ့ကာ ဘန်ကောက်မှာ ခရီးစဥ်​ပြီးဆုံးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ “စစ်ကောင်စီအပေါ် ဖိအားမြှင့်တင်ရေး ကျွန်တော်တို့လုပ်ဆောင်နိုင်တဲ့ နောက်ထပ်အဆင့်တွေကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမှာပါ။ ဖိနှိပ်မှုတွေလုပ်ဆောင်ဖို့ စစ်ကောင်စီရရှိနေတဲ့ ဘဏ္ဍာရေးစီးကြောင်းတွေကို ဖြတ်တောက်သွားမှာပါ”လို့ လက်ထောက်ဝန်ကြီး Mr Kritenbrink က ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။