Connect with us

Hi, what are you looking for?

News

MNAလေကြောင်းဖြင့် ခရီးသွားလာခြင်းမပြုရန် KNDF သတိပေးထုတ်ပြန်

MNAမှ အကြမ်းဖက်စစ်ကောင်စီ ဝင်ငွေရသည့် အပြင်စစ်ရေးအရ အသုံးပြုသည့် လေကြောင်းလှိုင်းဖြစ်သည့်အလျှောက်ပြည်သူများလိုက်ပါစီးနှင်းခြင်းမပြုရန် အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်လေဆိပ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်လေယာဥ်များဆင်း သက်လျက်ရှိရာ မြန်မာအမျိုးသား​လေ​ကြောင်းလိုင်း (MNA)ဖြင့် ခရီးသွားလာခြင်းမပြုရန် အထူးတိုက်တွန်းကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) က ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ဘဏ္ဏာငွေနှင့် ဘဏ္ဏာငွေဝင်သည့် အရင်းအမြစ်များဖြစ်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အားလုံးကို အကြမ်းဖက်စစ်အုပ်စုမှ ထိန်းချုပ်လိုက်ပြီး ဖြစ်ကြောင်း၊ မြန်မာ့အမျိုး သားလေကြောင်း (MNA)သည် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်ရာ အဆိုပါလေကြောင်းလိုင်းမှ အကြမ်းဖက်စစ်အုပ်စုများသည် ဝင်ငွေများရရှိလျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် MNAသည် လွိုင်ကော်မြို့သို့ ပျံသန်းလျက်ရှိပြီး ထိုခရီးစဉ်များတွင် ကရင်နီပြည်မှ ပြည်သူများ စီးနှင်းလိုက်ပါလျက်ရှိသကဲ့သို့ စစ်ရေးဘက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီပြည်အတွင်းသို့ တပ်အင်အားများ၊ လက်နက်ရိက္ခာများကို ခရီးသည်တင် လေယာဥ်များဖြင့် သယ်ယူပို့ဆောင်လျက်ရှိသည်ဟု KNDFက ဆိုသည်။

MNAမှ အကြမ်းဖက်စစ်ကောင်စီ ဝင်ငွေရသည့် အပြင်စစ်ရေးအရ အသုံးပြုသည့် လေကြောင်းလှိုင်းဖြစ်သည့်အလျှောက်ပြည်သူများလိုက်ပါစီးနှင်းခြင်းမပြုရန် အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

အတွေးအမြင်

လူအများစုက "သဘာဝအလှအပနဲ့ ရှေးဟောင်းသမိုင်းဝင်ဗိသုကာတွေရှိရင် ခရီးသွားဧည့်သည်တွေ လာမှာပဲလို့ " ရိုးရှင်းစွာ ထင်မြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးခေါ်ယူဆတဲ့ ခေတ်ကာလက ကျော်လွန်သွားခဲ့ပါပြီ။