ရန်ကုန်မြို့ လှိုင်မြို့နယ် (၅)ရပ်ကွက်ဈေးတွင် ဈေးလာဝယ်သည့် နယ်ထိန်း သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည်။
ယနေ့(ဒီဇင်ဘာ ၃ ရက်) နံနက် ၈နာရီခန့်က နယ်ထိန်းတစ်ဦး ပစ်သတ်ခံရပြီး ၁၅ မိနစ်ခန့်အကြာတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားနှင့် ရဲ ၃၀ခန့် ရောက်ရှိလာကာ အလောင်းအား စစ်ဆေးသယ်ယူခဲ့သည်ဟု သိရသည်။
“လေးချက် ပစ်သွားတယ်ပြောတယ်။ ပြီးတော့ မျက်မြင်တွေ့ရှိတဲ့ စျေးထဲက လူသုံးယောက်ကိုလည်း စစ်တပ်က ခေါ်သွားတယ်”ဟု လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
ပိထောက်ချောင်းရဲစခန်းမှ နယ်ထိန်းကို Hlaing Defense Team နှင့် မဟာမိတ်အဖွဲ့ဖြစ်သော Shooting Pro Day တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု Hlaing Defense Teamက ထုတ်ပြန်ထားသည်။

Public Service Announcement
ယခုဖြစ်စဥ်မတိုင်မီက လှိုင်မြို့နယ်တွင် လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်သားနှစ်ဦးကို
နိုဝင်ဘာ ၁၀ရက်က လှိုင်မြို့နယ် (၁၃)ရပ်ကွက်စျေး၌ ပစ်သတ်ခံထားရသည်။


















































