Connect with us

Hi, what are you looking for?

News

KNUနှင့် စစ်ကောင်စီတပ် တစ်လအတွင်း တိုက်ပွဲ ၂၀၀ကျော်ဖြစ်၊ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၉၀သေ

အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် နယ်ခြားစောင့်တပ် BGF များမှ လက်နက်ကြီး ၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုနှင့် လူသွားလမ်းများအပေါ် မိုင်းများ ထောင်ထားမှုတို့ကြောင့် ပြည်သူလူထု ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း နိုဝင်ဘာလ၌ တိုက်ပွဲ ၂၀၆ကြိမ် ဖြစ်ပွားရာ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၉၀ ဦးသေဆုံးပြီး ၁၅၉ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

KNU တပ်မဟာတွင် ခရိုင် ခုနစ်ခုရှိသည့်အနက် နိုဝင်ဘာတွင် တပ်မဟာ(၅)၊ တပ်မဟာ(၁)နှင့် တပ်မဟာ(၂) နယ်မြေများ၌ တိုက်ပွဲများဖြစ်ခဲ့ပြီး တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲပေါင်း ၁၅၁ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများ၌ အာဏာသိမ်းစစ်ကောင်စီ၏တပ် နှင့် နယ်ခြားစောင့်တပ် BGF မှ သေဆုံးခဲ့သည့် ၁၉၀ဦးတွင် တပ်ရင်းမှူး တစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦးနှင့် ဗိုလ်ကြီး ​လေးဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူများတွင် တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး သုံးဦးနှင့် ဗိုလ်တစ်ဦး ပါဝင်သည်ဟု ဆိုသည်။ KNUလက်အောက်ခံ တပ်များဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) ဘက်မှ ခုနစ်ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် နယ်ခြားစောင့်တပ် BGF များမှ လက်နက်ကြီး ၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုနှင့် လူသွားလမ်းများအပေါ် မိုင်းများ ထောင်ထားမှုတို့ကြောင့် ပြည်သူလူထု ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီသည် အောက်တိုဘာ၁ ရက်နေ့မှ ၂၀၂၂ ဖေဖေါ်ဝါရီ၂၈ရက်အထိ ငါးလတာ အပစ်အခတ်ရပ်စဲမည်ဟု ကြေညာခဲ့သော်လည်း KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းသို့ အင်အားပိုမိုတိုးချဲ့သည်သာမက စစ်ရေးလှုပ်ရှားမှုများ နှင့် နယ်မြေစိုမိုးမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် တိုက်ပွဲများ ယခင်ထက်ပိုမိုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီက ငါးလတာ အပစ်အခတ်ရပ်စဲရေး ကြေညာပြီးသည့် ပထမဆုံးလ အောက်တိုဘာတွင် တိုက်ပွဲပေါင်း ၂၇၅ ကြိမ်ရှိခဲ့ပြီး ယခု ဒုတိယလတွင် တိုက်ပွဲ ၂၀၆ ကြိမ်ရှိခဲ့သည်။ထိုအခြေအနေသည် စစ်ကောင်စီက ငါးလတာ အပစ်အခတ်ရပ်စဲရေး မကြေညာခင်လများအတွင်းထက် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်အရေအတွက် ပိုများကြောင်း KNUက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံတပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စဉ်ဆက်မပြတ် အမြဲတမ်းလုပ်ဆောင်ခဲ့ကြောင်းလည်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။