Connect with us

Hi, what are you looking for?

News

ပဲခူးအမှတ်(၂)စခန်းအနီး လှည့်ကင်းရဲများ မိုင်းဆွဲတိုက်ခိုက်ခံရ

“ကြည့်မြင်တိုင်သွေးကြွေးဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်”ဟု BPDF က ပြောသည်။

ပဲခူးမြို့ အမှတ်(၂)ရဲစခန်းအနီး လှည့်ကင်းလှည့်သည့် စစ်​​ကောင်စီလက်​အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယ​နေ့(ဒီဇင်ဘာ ၅)ညတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်သည်။

“ပဲခူးမြို့အမှတ်(၂)ရဲစခန်းမှဆိုင်ကယ်များဖြင့် လှည့်ကင်းထွက်သည့် ရဲများကိုအမှတ်(၂) ရဲစခန်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ ရန်သူထိခိုက်မှုနောက်ဆက်တွဲသတင်းကို မသိရှိရသေးပေ”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့​​ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီယန္တရားများနှင့် နီးစပ်ရာနေရာများသို့ မသွားကြရန်နှင့် လူစည်ကားရာနေရာများကို ရှောင်ရှားပေးကြရန် BPDF က မေတ္တာရပ်ခံထားသည်။

“ကြည့်မြင်တိုင်သွေးကြွေးဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်”ဟု BPDF က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ပြည်သူများကို တံတိုင်းသဖွယ်ပြုလုပ်ပြီး ၎င်းတို့ယန္တရားများ လည်ပတ်နိုင်စေရေး ဆောင်ရွက်လျက်ရှိရာ BPDF အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ လက်ပါးစေများကို ယခုထက်ပိုမိုပြီးလက် တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ထိခိုက်ကျဆုံးမှုရှိ၊ မရှိဆိုသည်ကို လူထုနွေဦးက သီးခြားအတည်ပြုချက် မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအတွင်း စစ်ကောင်စီရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀နီးပါး သေဆုံးခဲ့ရတဲ့ ညောင်လေးပင်က ပူဆွေးမှုတွေ၊ မျက်ရည်တွေ မခြောက်သေးခင်မှာပဲ စစ်ကောင်စီက ပဲခူးမြို့ပေါ်မှာ နာမည်ကြီးဇာတ်အဖွဲ့ ၅ဖွဲ့နဲ့ ရွှေမော်ဓော ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ််က အဗျားကျေးရွာအုပ်စုက်ို စစ်ကောင်စီတပ် ဝင်ရောက်ပြီး ဒေသခံတွေ ကြံ့ဖွံ့ပါတီမဲပေးဖို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။