Connect with us

Hi, what are you looking for?

News

မုံရွာနှင့်အရာတော်မြို့နယ်မှ လောင်းကစားဝိုင်းများနှင့်သူခိုးဓါးပြများကို ​ဒေသတွင်းPDF များသတိပေး

စစ်ကိုင်းတိုင်း မုံရွာနှင့်အရာတော်မြို့နယ်များတွင် လောင်းကစားဝိုင်းများနှင့် သူခိုးဓါးပြများအား ရပ်တန်းကရပ်ရန် ဒေသတွင်း PDFများက သတိပေးလိုက်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အမြို့မြို့အနယ်နယ်တွင် လောင်းကစားဝိုင်းများ ပေါများလာခြင်းနှင့် သူခိုးဓားပြများလည်း ထူပြောလာခဲ့ရာ လုယက်ခိုးယူမှုများ များပြားလာခဲ့၍ မုံရွာမြို့ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုနှင့် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က ယနေ့ဒီဇင်ဘာလ ၅ ရက်နေ့တွင် သတိပေးကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ်ဆိုး၏ အကျိုးဆက်ဖြစ်သော ဆင်းရဲမွဲတေမှုနှင့်အတူ ခိုးဆိုးလုယက် ဓားပြတိုက်မှုများ ပေါများလာခဲ့ကြောင်း၊ NPRF အနေဖြင့် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်ဟု သစ္စာပြုထားသည့်အလျောက် ပြည်သူတို့၏ အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လျက်ရှိသော သူခိုးဓားပြများအား စကစဘက်တော်သားများနှင့်တန်းတူထားကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဒလန်၊ ဓားပြနှင့် စကစ၏ စစ်ဆင်ရေးများအား NPRF သို့ သတင်းပေးတိုင်ကြားနိူင်ကြောင်းမုံရွာမြို့ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက အသိပေးသည်။

အလားတူ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)ကလည်း အရာတော်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်လက်အောက်ခံ ရဲများအား ရဲကြေးများ‌ လာဘ်ထိုး၍ တရားမဝင် လောင်းကစားဝိုင်းများပြုလုပ်‌နေကြသော သူများကို ရပ်တန်းကရပ်ရန်နှင့် မလိုက်နာပါကထိရောက်စွာ အရေးယူမည်ဟု သတိပေးကြေညာချက်ထုတ်ပြန်သည်။

“တစ်အချက်က စစ်အုပ်စုကို ထောက်ပံ့နေရာကျတယ်၊ တဖက်က ရဲတွေကလည်း ပိုက်ဆံလည်းရ၊ ဒီကာလမှာ လူတွေ တော်လှန်ရေးကိုအာရုံ မစိုက်ပြီးရော ဆိုပြီးခွင့်ပြုထားတဲ့ပုံပဲ၊ အဲဒီရွာမှာ ဖဲဝိုင်း ကြက်ဝိုင်း နေ့တိုင်း အကြီးအကျယ်လုပ်နေကြတာ၊ ဒီကာလမှာ လူတိုင်းက အဆင်ပြေကြတာမဟုတ်‌တော့ ဒီဟာတွေကတဆင့် ခိုးတာလုတာတွေ ဖြစ်လာနိုင်တယ်” ဟု တော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူတစ်ဦးကအရာတော်သတင်းမှန်ပြန်ကြားရေးသို့ဖြေကြားထားသည်။
အရာတော်မြို့နယ်ရှိမြောက်လတ်‌ဒေသရှိ အုတ်ရှင်းကြီးကျေးရွာ တွင် နေ့စဉ် ဖဲဝိုင်း၊ ကြက်ဝိုင်း အစရှိသောလောင်းကစားဝိုင်းများဖြင့် နေ့စဉ်စည်ကားလျက်ရှိ‌ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။