Connect with us

Hi, what are you looking for?

News

ငွေတိုက်စာချုပ်​ရောင်းချမှု ဆက်လက်ရပ်ဆိုင်းမယ်

ငွေတိုက်စာချုပ်တွေ ပြန်လည်ရောင်းချမယ့်နေ့ရက်နဲ့ လုံခြုံစိတ်ချစွာဝယ်ယူနိုင်မယ့် လုပ်ငန်းစဉ်တွေကို အသေးစိပ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

–ဝယ်ယူသူအချို့မှာ အမည်ပျက်သွင်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီဝင်​တွေနဲ့နာမည်တူသူအချို့ကြောင့် ဘဏ်နှင့်ညှိနှိုင်း​နေရဟုဆို

ငွေတိုက်စာချုပ်ရောင်းချမှုကို ဆက်လက်ရပ်ဆိုင်းထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့တွင် ထုတ်ပြန်ပါတယ်။

ငွေတိုက်စာချုပ်ဝယ်ယူသူ​တွေအနက် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းတဲ့ အကြမ်းဖက်စစ်ကောင်စီဝင်​တွေနဲ့ နာမည်တူ​တွေကို ဘဏ်စာရင်းသို့ ငွေလွှဲပြောင်းပေးပို့နေတာကြောင့် ဘဏ်နဲ့ ညှိနှိုင်းဖြေရှင်းနေရလို့ ငွေတိုက်စာချုပ်ရောင်းချမှုကို ဆက်လက်ရပ်ဆိုင်းထားရတာလို့ ဆိုပါတယ်။

ငွေတိုက်စာချုပ်တွေ ပြန်လည်ရောင်းချမယ့်နေ့ရက်နဲ့ လုံခြုံစိတ်ချစွာဝယ်ယူနိုင်မယ့် လုပ်ငန်းစဉ်တွေကို အသေးစိပ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြည်ပနိုင်ငံ​တွေမှာ ကိုယ်စားလှယ်​တွေထားရှိပြီး ပြည်တွင်းကို ငွေလွှဲပြောင်းနည်းနဲ့ ဝယ်ယူနိုင်ဖို့လည်း စီစဉ်ပေးမယ်လို့ NUGက ဆိုပါတယ်။

အရင်က ရောင်းချထားတဲ့ ငွေတိုက်စာချုပ် အစောင် ၄၁၀၀ကျော်ကို ပြန်လည်ပေးပို့နိုင်ခဲ့ပြီး ကျန်ငွေတိုက်စာချုပ်​တွေကို ဆက်လက်ပေးပို့သွားမည်ဟု NUGက ​ပြောပါတယ်။

ပုံစံ (က) ဖြည့်သွင်းပြီး Order ID ရယူထားပြီးသူ​တွေအနေနဲ့ ချက်နိုင်ငံဘဏ်ကို ဆက်လက်ငွေပေးသွင်းနိုင်တယ်လို့လည်း အသိ​ပေးထားပါတယ်။ ငွေလွှဲသူ​တွေအနေနဲ့ ပုံစ (ခ)ကို ဖြည့်သွင်းပြီးပါက ငွေတိုက်စာချုပ်​တွေ ပြန်လည်ထုတ်ပေးသွားမယ်လို့လည်း NUGကဆိုပါတယ်။

NUGက နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုကို ထုတ်ရောင်းပေးနေတာဖြစ်ပြီး ပထမအသုတ်အနေနဲ့ ဒေါ်လာ သန်း၂၀၀ဖိုးထုတ်ရောင်းနေတာပါ။

နိုဝင်ဘာ ၂၂ ရက်မှာ NUGက ငွေတိုက်စာချုပ်​တွေစတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှာ ငွေလွဲကိစ္စရပ်​တွေကြောင့် တစ်ပတ်ကြာရပ်ဆိုင်းမယ်လို့ ကြေငြာခဲ့ပါတယ်။

ငွေတိုက်စာချုပ်​တွေကို NUGက ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀နဲ့ ၅၀၀၀ တန်ဆိုပြီး ရောင်းချနေပြီး စတင်ရောင်းချခဲ့တဲ့ တစ်ပတ်အတွင်းငွေတိုက်စာချုပ် ဒေါ်လာ ၁၅ သန်းဖိုးရောင်းချခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။