Connect with us

Hi, what are you looking for?

News

ဒေါ်​အောင်ဆန်းစုကြည်​ကို ထောင်ဒဏ်ချမှတ်ခြင်းအ​ပေါ်အ​မေရိကန်၊ ဗြိတိန်သံရုံးနှင့်ကုလက အပြင်းအထန်ကန့်ကွက်

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်တာဟာ အတိုက်အခံပါတီတွေကို ဖိနှိပ်ဟန့်တားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်။” – ယူကေနိုင်ငံခြားရေး ဝန်ကြီး Lizz Truss ကပြောသည်။

မြန်မာစစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားပြစ်ဒဏ်ချမှတ်ခြင်းနှင့်အခြားသော ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့်တာဝန်ရှိသူများအပေါ်ဖိနှိပ်ညှဉ်းပမ်းခြင်းသည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်နှင့် တရားဥပဒေစိုးမိုးမှုကိုထပ်မံစော်ကားခြင်းဖြစ်ကြောင်း အမေရိကန်သံရုံးကထုတ်ပြန်သည်။

တရားဥပဒေစိုးမိုးမှုကို စစ်အာဏာရှင်က ဆက်လက် ၍မထီမဲ့မြင်ပြုလုပ်နေခြင်းနှင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေခြင်းက မြန်မာနိုင်ငံ၏အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ရန် အရေးတကြီးလိုအပ်နေကြောင်း မီးမောင်းထိုးပြနေကြောင်း ရန်ကုန်အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားသောဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့်တာဝန်ရှိသူများကိုပြန်လွှတ်ပေးရန်၊ ပြည်သူတို့၏ကောင်းကျိုးအတွက်ငြိမ်းချမ်းမှုအဖြေရှာရေး၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပြန်လည်ဖော်ဆောင်ရေးအတွက် သဘောတူညီချက်ငါးရပ်ကို သဘောတူညီထားသည့်အတိုင်း ပါဝင်ပတ်သက်သူအားလုံးနှင့် အပြုသဘောဆောင်သောတွေ့ဆုံဆွေးနွေးမှုအတွက် ထိတွေ့ဆောင်ရွက်ရန် စစ်အာဏာရှင်ကို မိမိတို့တိုက်တွန်းကြောင်း၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီကိုလိုလားတောင်းတနေသော မြန်မာပြည်သူများနှင့်အတူမိမိတို့လက်တွဲပါကြောင်း၊ အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ ပြည်သူတို့၏ဆန္ဒကို လေးစားရန်နှင့် မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးရန် စစ်အာဏာရှင်ကို တောင်းဆိုကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်တာဟာ အတိုက်အခံပါတီတွေကို ဖိနှိပ်ဟန့်တားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်။” – ယူကေနိုင်ငံခြားရေး ဝန်ကြီး Lizz Truss ကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ယနေ့တွင် ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား
စုစုပေါင်း ပုဒ်မ ၁၂ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet ကလည်း စစ်တပ်ကထိန်းချုပ်ထား​သောတရားရုံးက ပြစ်ဒဏ်ချမှတ်မှုမှာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်မ​ကောင်းကြံ​သောလုပ်ရပ်သာဖြစ်ကြောင်း ယနေ့(ဒီဇင်ဘာ ၆)တွင် ထုတ်ပြန်သည်။နိုင်ငံ​ရေးအရ​တွေ့ဆုံ​ဆွေး​နွေး​ရေးတံခါးကိုပိတ်လိုက်ခြင်းလည်းဖြစ်​ကြောင်းဆက်​ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို နိုင်ငံတကာက အသိအမှတ်မပြုမှု ပိုမိုနက်ရှိုင်းလာမည်ဟုလည်း၎င်းကသတိ့​ပေးသည်။

အာဏာသိမ်းစစ်​ကောင်စီက ​နေ့ခင်းပိုင်းမှာ ​ထောင်ချပြီး ည ၈နာရီမှာ ​​ထောင်ဒဏ်ကိုထက်ဝက်​လျှော့သည်ဟုဝါဒဖြန်မီဒီယာများက​ကြေညာခဲ့သည်။သို့​သော်အကြမ်းဖက်စစ်​ကောင်စီက​ဒေါ်​အောင်ဆန်းစုကြည်ကို ဆက်လက်တရားစွဲဆိုထား​သောအမှု ၁၀ မှု​ကျော်ကျန်​​သေးပြီး အမြင့်ဆုံး​ထောင်ဒဏ်များချမှတ်ပါက နှစ်တစ်ရာ​ကျော်အထိ့ချမှတ်နိုင်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။