Connect with us

Hi, what are you looking for?

News

ကျောက်တန်း PDFက သီတာမြိုင်အုပ်ချုပ်ရေးမှူးအိမ်ကို ဖောက်ခွဲသတိပေး

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် သတင်းပေးဒလန်များရှိရာနေရာများသို့ သွားလာခြင်းအား အထူးဂရုပြုကြပါရန် ​ကျောက်တန်းပြည်သူ့ကာကွယ်ကေးအဖွဲ့က ​မေတ္တာရပ်ခံထားသည်။

People's Spring
People's Spring

ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်ကို ယနေ့(ဒီဇင်ဘာ ၇)နံနက်ပိုင်းတွင် ဖောက်ခွဲသတိပေးခဲ့ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(KPDF)က ထုတ်ပြန်သည်။

“သီတာမြိုင်အုပ်ချုပ်ရေးမှူးမြင့်လွင်အား သ တင်းပေးပို့တိုင်ကြားချက်များအရစစ်ဆေးထောက်လှမ်းရာတွင်မှန်ကန်မှု့ရှိနေသည့်အချက်များတွေ့ရသည့်အတွက် ၎င်း၏နေအိမ်အား အဝေးထိန်းစနစ်ဖြင့် သတိပေးဖောက်ခွဲ (အုန်းထမင်း) ကျွေးခဲ့ကြောင်းပြည်သူများသိရှိစေရန်တင်ပြအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့​အ​ပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက် ခံစစ်ကျွန်အုပ်မှူးများ တစ်လအတွင်းနှုတ်ထွက်ရန် စာထုတ်ပြန်ထားသည့်အပေါ် မထိမဲ့မြင်ပြုမူကာ စစ်ကောင်စီလက်အောက်၌ ဆက်လက်တာဝန်ထမ်းဆောင်နေမည်ဆိုပါက ယခုလိုသတိပေးဖောက်ခွဲခြင်းမျိုး ပြုလုပ်တော့မည်မဟုတ်ကြောင်း KPDFက အသိပေးထားသည်။

ထို့​ကြောင့် ကျောက်တန်းမြို့နယ်ရှိ အုပ်ချုပ်​ရေးမှူးများအနေဖြင့် ၎င်းတို့၏အသက်အား နှုတ်ထွက်စာတင်ကာ အသက်အာမခံလျှောက်ထားသင့်ကြောင်း KPDF က သတိပေသးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် သတင်းပေးဒလန်များရှိရာနေရာများသို့ သွားလာခြင်းအား အထူးဂရုပြုကြပါရန် ​ကျောက်တန်းပြည်သူ့ကာကွယ်ကေးအဖွဲ့က ​မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။