စစ်ကိုင်းတိုင် မုံရွာမြို့တွင် ယနေ့ မွန်းလွဲပိုင်းမှစ၍ ပြင်ပထွက်ခွာခြင်းမပြုရန် Special Regional Attcacks Froces ဒေသအထူးတိုက်ခိုက်ရေးတပ်ဖွဲ့က အသိပေးကြေညာသည်။
ယနေ့ (ဒီဇင်ဘာ၇ရက်နေ့) နေ့လယ်၂နာရီ၃၀မိနစ်တွင် အပြင်ထွက်ခွာခြင်းမပြုကြရန် အထူးမေတ္တာရပ်ခံကြောင်း၊ ပြည်သူများအနေဖြင့် ခဏတာအချိန်တောအတွင်း အပြင်မထွက်ခြင်းဖြင့် ကူညီရန်နှင့် ပြန်လည်ထွက်ခွာနိုင်မည့်အချိန်ကို ဒေသအထူးတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာမှ ပြန်လည်တင်ပြပေးသွားမည်ဟု အသိပေးထုတ်ပြန်သည်။
အလားတူ “မုံရွာမြို့ပေါ်နှင့် အနီးအနားပတ်ဝန်းကျင်မှ မိဘပြည်သူများအားလုံး ယနေ့ညနေ မိမိနေအိမ်မှ အပြင်သို့ထွက်ခြင်းများစစ်ခွေး ရဲခွေးများနှင့် နီးစပ်ရာနေရာများကို ရှောင်ရှားပေးကြစေချင်ပါသည်။ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် တော်လှန်ရေးသမားများမှ အရေးတကြီး ပြုလုပ်စရာကိစ္စရပ်များရှိပါသောကြောင့် မိဘပြည်သူများအနေဖြင့် နားလည်ပေးကြကာ၊ တော်လှန်ရေးတိုက်ပွဲတွင် ကျွန်ုပ်တို့နှင့် လက်တွဲညီညီ ပူးပေါင်းပါဝင်ပေးကြစေလိုပါသည်”ဟု South Monywa Defence Force (SMDF)ကလည်းထုတ်ပြန်သည်။
ထို့အပြင် မုံရွာ-အမြင့်ကျေးလက်လမ်းအား
ကြေညာချက်ထုတ်ပြန်ချိန်မှစ၍နောက်ထပ် တစုံတရာမထုတ်ပြန်ခင်အချိန်အထိ အရေးပေါ်ကိစ္စမှလွဲ၍အသုံးပြုသွားလာမှုများ လျော့ချဆင်ခြင်ပေးပါရန်မုံရွာလျှပ်စီးအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

Public Service Announcement
ကြေညာချက်ထုတ်ထားစဉ်အတွင်း လမ်းအသုံးပြုသည့်မည်သည့်ယာဉ်မဆို တစုံတရာဖြစ်ပေါ်ပါက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်းမုံရွာလျှပ်စီးအဖွဲ့မှ အသိပေးထားသည်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုအား ခုခံတိုက်ခိုက်နေကြသည့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များတွင်မုံရွာမြို့နယ်လည်း အပါအဝင်ဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ညနေပိုင်းက မုံရွာ စီးပွားရေးဘဏ်စောင့် ရဲကင်းဂိတ် ပစ်ခတ်ခံရပြီး ရဲတပ်သားတစ်ဦး သေဆုံးခဲ့သေးသည်။


















































