Connect with us

Hi, what are you looking for?

News

ပျံလွှားအောင် စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့နယ် ငါးခုတွင် ဖောက်ခွဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်သည့် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် စံပြ (၂) လမ်းရှိ Mytel ဆက်သွယ်ရေးတာဝါတိုင် Control Box နှစ်လုံးကို ဒီဇင်ဘာ ၇ ရက် ည ၉ နာရီခွဲအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့သည်။

People's Spring
People's Spring

“ပျံလွှားအောင်” စစ်ဆင်ရေးအဖြစ် လှိုင်သာယာ၊တိုက်ကြီး၊မရမ်းကုန်း၊ သာကေတနှင့် အရှေ့ဒဂုံမြို့နယ် စသည့်မြို့နယ် ငါးခုတို့တွင် ဖောက်ခွဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဒီဇင်ဘာ ၈ ရက်)တွင် ကြေညာသည်။

လှိုင်သာယာ

လှိုင်သာယာမြို့နယ် အောင်ဇေယျကြိုးတံတားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ ဘန်ကာအား ဒီဇင်ဘာ ၇ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကနဦးစုံစမ်း သိရှိရသည့်အခြေအနေအရ ရန်သူစစ်သားအချို့ သေဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသေးစိတ်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

တိုက်ကြီး

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်သည့် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် စံပြ (၂) လမ်းရှိ Mytel ဆက်သွယ်ရေးတာဝါတိုင် Control Box နှစ်လုံးကို ဒီဇင်ဘာ ၇ ရက် ည ၉ နာရီခွဲအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်တပ်သားသုံးဦးခန့် သေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

အလားတူ တိုက်ကြီးမြို့နယ် အဖျောက်မြို့ ဥတိုလမ်းမ မိုးကုလားကျေးရွာအနီးတွင်အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် ၎င်းတို့၏ လက်ပါးစေ ပျူစောထီးများ ပူးပေါင်း လှည့်ကင်း ပတ်နေသည့် ယာဉ်တန်းအား ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၀နာရီခွဲအချိန်ခန့်တွင် ရှေ့ထွက်မိုင်း၊ ခွဲမိုင်းများဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကနဦးစုံစမ်း သိရှိရသည့်အခြေအနေအရ ရန်သူစစ်သား ၁၀ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အချို့သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မရမ်းကုန်း

အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူလူထုအား အကြမ်းဖက်ဖိနှိပ်တိုက်ခိုက် ရာတွင်အသုံးပြုနေသော မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်းတံတားအောက်ရှိ CCTV Control Box အား ဒီဇင်ဘာ ၈ ရက် နံနက် ၅ နာရီခွဲအချိန်တွင် ပြင်းအားကောင်း အဝေးထိန်းမိုင်း သုံးလုံးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ထို CCTV Control Box သည် လှိုင်သာယာမြို့နယ်တစ်ခုလုံးရှိ CCTV ကင်မရာများမှ ရယူထားသည့် မှတ်တမ်းဒေတာများကို အကြမ်းဖက်စစ်ကောင်စီတိုင်းရုံးနှင့် လှိုင်သာယာမြို့နယ် (၅) ထိပ် ရဲစခန်းများသို့ ဆက်သွယ်ပေးပို့နေသော အဓိက Control Box ဖြစ်ကြောင်း သိရသည်။

အရှေ့ဒဂုံ

ဒဂုံမြို့သစ်အရှေ့ပိုင်း (၅) ရပ်ကွက် မင်းရဲကျော်စွာလမ်းပေါ်တွင် ဒီဇင်ဘာ ၇ ရက် ည ၇ နာရီဝန်းကျင်တွင် တစ်ကြိမ်နှင့် ၈ နာရီဝန်းကျင်တွင် နှစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ် ဖောက်ခွဲတိုက်ခိုက် မှုပြုလုပ်ခဲ့သည်။

အကြမ်းဖက်ရန်သူတပ်သား ငါးဦးခန့် သေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကာ Special Huma nitarina Encounter Defence (SHED) နှင့် RGA Alliance ပူးပေါင်း အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာကေတ

သာကေတမြို့နယ် သုမနလမ်းပေါ်ရှိ ရန်သူအကြမ်းဖက်တပ်သားများတပ်စွဲထားသည့် ဌာနဆိုင်ရာ အဆောက် အအုံတစ်ခုအား ဒီဇင်ဘာ ၈ ရက် နံနက် ၂ နာရီဝန်းကျင်တွင် သာကေတမြို့ပြပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ယခုဖြစ်စဥ်များမတိုင်မီ ဒီဇင်ဘာ ၅ရက်က ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း၌ အကြမ်းဖက်ဖြိုခွင်ခံရမှုကို နေ့ချင်းတွင် လက်စားချေမှုကို ရန်ကုန်ရှိ မြို့နယ် လေးခု၌ ပျံလွှားအောင် စစ်ဆင်းရေးကို ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေကာ ခုနှစ်ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။