Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေ​ဈေး ၁၈ သိန်းအထက်ပြန်တက်

လက်ရှိ ကမ္ဘာရွှေဈေးမှာ အကျဘက်ကို ဦးတည်ပြီး ဒီဇင်ဘာ ၉ရက်တွင် တစ်အောင်စကို ၁၇၈၅ ဒေါ်လာပေါက်ဈေးရှိသည်။ ဒီဇင်ဘာ ၁ ရက်တွင် ၁၇၉၃ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

ပြည်တွင်းရွှေဈေး ၁၈ သိန်းကို ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များနှင့်ရွှေဆိုင်များထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဘတ်ဂျတ်လိုငွေအတွက် ငွေ စက္ကူများပိုမိုရိုက်နှိပ်မည်ဟူသော သတင်းအရ ပြည်တွင်းရွှေဈေးမှာ ယခုလိုမြင့်တက်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကဆိုသည်။

ပြင်ပပေါက်ဈေးတွင် နိုဝင်ဘာ ၉ ရက် အခေါက်ရွှေတစ်ကျပ်တစ်ကို ၁၈ သိန်းလျော့ ပြန်လည်လျော့ကျပြီး တစ်လအကြာ ဒီဇင်ဘာ ၉ ရက်တွင် ကျပ်၁၈သိန်းကျော်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

စစ်အာဏာရှင်အလိုကျ ဈေးဖွင့်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ နိုဝင်ဘာ ၉ ရက် အခေါက်ရွှေတစ်ကျပ်သားကို ၁၇၉၆၀၀၀ကျပ်ဈေးဖွင့်ခဲ့ပြီး ဒီဇင်ဘာ ၉ရက် ယနေ့တွင် ၁၇၉၅၀၀၀ကျပ် ဖြင့်ဈေးဖွင့်ပေးခဲ့သည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

အသင်း၏ ဈေးဖွင့်နှုန်းသည် ပြင်ပပေါက်ဈေးနှင့် ကွဲလွဲနေပြီး ပြင်ပအရောင်းအဝယ်ဈေးတွင် တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအထက်ကိုရောက်ရှိနေ​ကြောင်း ရွှေလုပ်ငန်းရှင်အချို့က​ပြောသည်။ ပြင်ပပေါက်ဈေးတွင်ယ​နေ့ ​နေ့ခင်းပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၈၀၈၀၀၀ကျပ် ပေါက်ဈေးရှိနေသည်ဟု ရွှေလုပ်ငန်းရှင်များထံမှသိရသည်။

“အသင်းက စစ်တပ်အကြိုက်ဘဲ ဈေးနှုန်းကို ထိန်းချုပ်နေတာ။ ပြင်ပမှတော့ ငွေတွေ အသစ်ရိုက်တော့မယ်ဆိုလို ရွှေတွေကို ထုတ်မရောင်းကြတော့ဘူး။ လာဝယ်သူတွေလည်းများလာတယ်”ဟု ရွှေအ‌ရောင်းအဝယ်သမားတစ်ဦးကပြောသည်။

လက်ရှိ ကမ္ဘာရွှေဈေးမှာ အကျဘက်ကို ဦးတည်ပြီး ဒီဇင်ဘာ ၉ရက်တွင် တစ်အောင်စကို ၁၇၈၅ ဒေါ်လာပေါက်ဈေးရှိသည်။ ဒီဇင်ဘာ ၁ ရက်တွင် ၁၇၉၃ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

ဧရာဝတီသတင်းဌာနက ဥဇဘက်ကစ္စတန် လေကြောင်းမှ လေယာဉ်တစီးသည် ရန်ကုန်လေဆိပ်တွင် ဒီဇင်ဘာလ ၇ ရက်က ဆိုက်ရောက်လာပြီး ငွေရိုက်နှိပ်ရန် အလေးချိန် ကီလိုဂရမ် ၃ သောင်းခွဲနီးပါးရှိ စက္ကူသေတ္တာ ၉၂ သေတ္တာကို လာရောက်ချသွားကြောင်း ရေးသားဖော်ပြခဲ့သည်။ ထိုသို့ရေးသားဖော်ပြပြီးနောက် ပြည်တွင်းရွှေဈေးမှ တဖြေးဖြေးပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ်လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကဒ်ဖြင့်သွားရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာကြောင်း သတင်းရရှိသည်။ ” ဒီမနက် ရပ်ကွက်ရုံးက အသိပေးလာတယ်။ ခရီးသွားမယ့်သူတွေ ခရီးသွားကဒ်လုပ်ရမယ်တဲ့။ တစ်ကဒ် ၁၅၀၀ တဲ့။ မှတ်ပုံတင်နဲ့မရတော့ဘူးလို့ပြောတယ်”ဟု ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ ‌ဒေသခံတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)...

သတင်း

စစ်တပ်အာဏာမသိမ်းခင်က ဓာတ်ဆီနဲ့ ဒီဇယ်ဈေးဟာ တစ်လီတာကို ကျပ် ၆၀၀ ကျော် ၊ ကျပ် ၇၀၀ ဝန်းကျင်သာရှိခဲ့တာပါ။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။