Connect with us

Hi, what are you looking for?

News

ရွှေ​ဈေး ၁၈ သိန်းအထက်ပြန်တက်

လက်ရှိ ကမ္ဘာရွှေဈေးမှာ အကျဘက်ကို ဦးတည်ပြီး ဒီဇင်ဘာ ၉ရက်တွင် တစ်အောင်စကို ၁၇၈၅ ဒေါ်လာပေါက်ဈေးရှိသည်။ ဒီဇင်ဘာ ၁ ရက်တွင် ၁၇၉၃ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

ပြည်တွင်းရွှေဈေး ၁၈ သိန်းကို ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များနှင့်ရွှေဆိုင်များထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဘတ်ဂျတ်လိုငွေအတွက် ငွေ စက္ကူများပိုမိုရိုက်နှိပ်မည်ဟူသော သတင်းအရ ပြည်တွင်းရွှေဈေးမှာ ယခုလိုမြင့်တက်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကဆိုသည်။

ပြင်ပပေါက်ဈေးတွင် နိုဝင်ဘာ ၉ ရက် အခေါက်ရွှေတစ်ကျပ်တစ်ကို ၁၈ သိန်းလျော့ ပြန်လည်လျော့ကျပြီး တစ်လအကြာ ဒီဇင်ဘာ ၉ ရက်တွင် ကျပ်၁၈သိန်းကျော်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

စစ်အာဏာရှင်အလိုကျ ဈေးဖွင့်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ နိုဝင်ဘာ ၉ ရက် အခေါက်ရွှေတစ်ကျပ်သားကို ၁၇၉၆၀၀၀ကျပ်ဈေးဖွင့်ခဲ့ပြီး ဒီဇင်ဘာ ၉ရက် ယနေ့တွင် ၁၇၉၅၀၀၀ကျပ် ဖြင့်ဈေးဖွင့်ပေးခဲ့သည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

အသင်း၏ ဈေးဖွင့်နှုန်းသည် ပြင်ပပေါက်ဈေးနှင့် ကွဲလွဲနေပြီး ပြင်ပအရောင်းအဝယ်ဈေးတွင် တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအထက်ကိုရောက်ရှိနေ​ကြောင်း ရွှေလုပ်ငန်းရှင်အချို့က​ပြောသည်။ ပြင်ပပေါက်ဈေးတွင်ယ​နေ့ ​နေ့ခင်းပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၈၀၈၀၀၀ကျပ် ပေါက်ဈေးရှိနေသည်ဟု ရွှေလုပ်ငန်းရှင်များထံမှသိရသည်။

“အသင်းက စစ်တပ်အကြိုက်ဘဲ ဈေးနှုန်းကို ထိန်းချုပ်နေတာ။ ပြင်ပမှတော့ ငွေတွေ အသစ်ရိုက်တော့မယ်ဆိုလို ရွှေတွေကို ထုတ်မရောင်းကြတော့ဘူး။ လာဝယ်သူတွေလည်းများလာတယ်”ဟု ရွှေအ‌ရောင်းအဝယ်သမားတစ်ဦးကပြောသည်။

လက်ရှိ ကမ္ဘာရွှေဈေးမှာ အကျဘက်ကို ဦးတည်ပြီး ဒီဇင်ဘာ ၉ရက်တွင် တစ်အောင်စကို ၁၇၈၅ ဒေါ်လာပေါက်ဈေးရှိသည်။ ဒီဇင်ဘာ ၁ ရက်တွင် ၁၇၉၃ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

ဧရာဝတီသတင်းဌာနက ဥဇဘက်ကစ္စတန် လေကြောင်းမှ လေယာဉ်တစီးသည် ရန်ကုန်လေဆိပ်တွင် ဒီဇင်ဘာလ ၇ ရက်က ဆိုက်ရောက်လာပြီး ငွေရိုက်နှိပ်ရန် အလေးချိန် ကီလိုဂရမ် ၃ သောင်းခွဲနီးပါးရှိ စက္ကူသေတ္တာ ၉၂ သေတ္တာကို လာရောက်ချသွားကြောင်း ရေးသားဖော်ပြခဲ့သည်။ ထိုသို့ရေးသားဖော်ပြပြီးနောက် ပြည်တွင်းရွှေဈေးမှ တဖြေးဖြေးပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရန်ပုံငွေ အကျပ်အတည်းတွေကြောင့် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေကို ကမ္ဘာအနှံ့မှာ သိသိသာသာ ဖြတ်တောက် လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အငြင်းပွားစရာတွေ အများကြီး ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရ အသုံးစရိတ်နဲ့ အခွန်မူကြမ်းဟာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုချက် ရရှိသွားပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီသည် ၂၀၂၄ ဧပြီ ၁ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲပြီး နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားသည်။

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။