Connect with us

Hi, what are you looking for?

News

CDM ကိုယ်ဝန်​ဆောင်မိခင် ကိုးဦးကို ​ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က တစ်သိန်းစီ​ထောက်ပံ့

ပြည်သူလူထု၏ကူညီမှုဖြင့် ပေးအပ်ဂုဏ်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပြီး အခြား CDM ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုမပေးအပ်နိုင်ခြင်းအတွက်လည်း နားလည်ပေးပါရန် မေတ္တာရပ်ခံထားသည်။

ပြည်သူ့အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်နေသည့် ဆောမြို့နယ်တွင် ပြည်သူ့အာဏာဖီဆန်​ရေး (CDM) ပြုလုပ်နေသော ကိုယ်ဝန်ဆောင်မိခင် ကိုးဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထောက်ပံ့လိုက်သည်။

ယောဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်များက အကြမ်းဖက်စစ်ကောင်စီအား လက်နက်ကိုင်တိုက်ခိုက်နေသလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုလည်း အကောင်အထည်ဖော်နေစဥ် CDM ဝန်ထမ်းမိသားစုများအား ယခုကဲ့သို့ ထောက်ပံ့ခြင်းဖြစ်သည်။

ပြည်သူလူထု၏ကူညီမှုဖြင့် ပေးအပ်ဂုဏ်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပြီး အခြား CDM ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုမပေးအပ်နိုင်ခြင်းအတွက်လည်း နားလည်ပေးပါရန် မေတ္တာရပ်ခံထားသည်။

စစ်အာဏာရှင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်လာနိုင်ကြောင်း သုံးသပ်နေကြသလို စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသော ယောဒေသသည်လည်း စစ်ကောင်စီကို အင်တိုက် အားတိုက် တော်လှန်နေသည့် ဒေသဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။