Connect with us

Hi, what are you looking for?

News

မတ္တရာမြို့တွင် ပိတ်ထားသည့်ဆိုင်များ ပြန်မဖွင့်ရန် အကြမ်းဖက်လက်ပါး​စေ စည်ပင်နှင့်ရဲက စာလိုက်ကပ်နေဟု ဒေသခံပြော

မတ္တရာမြို့နယ်ရှိ ပြည်သူလူထုများသည်လည်း ဒီဇင်ဘာ ၁၀ရက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် နိုင်ငံတဝန်း ဆောင်ရွက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြရာ မြို့ပေါ်လမ်းမများ၌ လူရှင်းနေသည်ဟု ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့ပေါ်တွင် ယနေ့ (ဒီဇင်ဘာ၁၀) ပိတ်ထားသည့် ဆိုင်များ နောက်ရက်များတွင် မဖွင့်ရဟု အာဏာသိမ်းစစ်ကောင်စီလက်ပါးစေ စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များက စာလိုက်ကပ်နေကြောင်း မတ္တရာမြို့ဒေသခံက ပြောသည်။

မတ္တရာမြို့နယ်ရှိ ပြည်သူလူထုများသည်လည်း ဒီဇင်ဘာ ၁၀ရက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် နိုင်ငံတဝန်း ဆောင်ရွက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြရာ မြို့ပေါ်လမ်းမများ၌ လူရှင်းနေသည်ဟု ဆိုသည်။

“ဘယ်နားမှာလိုက်ကပ်လဲဆိုတော့ ဗိုလ်ချုပ်လမ်းမကြီးပေါ်က လမ်းဘေးဝဲယာကဆိုင်တွေ။ အဲဒီ စာကပ်တဲ့ ဓာတ်ပုံတွေကို ရိုက်လို့က မရဘူးဖြစ်နေသေးတယ်။ ဒီကောင်တွေအုပ်စုက လမ်းပေါ်မှာ ဖြစ်နေသေးတယ်။ အိမ်ပြင်ထွက်ဓာတ်ပုံရိုက်တာနဲ့ ဒီကောင်တွေ ပြဿနာ ရှာနိုင်တဲ့ အနေအထားရှိလို့။ ကပ်တဲ့စာသားတိုင်းတော့ အတိအကျ မဟုတ်ပေမယ့် ဒီနေ့ပိတ်တဲ့ဆိုင်တွေ နောက်ရပ်တွေမဖွင့်ရဆိုပြီး ရေးထားတာ” ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...