Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာမြို့တွင် ပိတ်ထားသည့်ဆိုင်များ ပြန်မဖွင့်ရန် အကြမ်းဖက်လက်ပါး​စေ စည်ပင်နှင့်ရဲက စာလိုက်ကပ်နေဟု ဒေသခံပြော

မတ္တရာမြို့နယ်ရှိ ပြည်သူလူထုများသည်လည်း ဒီဇင်ဘာ ၁၀ရက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် နိုင်ငံတဝန်း ဆောင်ရွက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြရာ မြို့ပေါ်လမ်းမများ၌ လူရှင်းနေသည်ဟု ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့ပေါ်တွင် ယနေ့ (ဒီဇင်ဘာ၁၀) ပိတ်ထားသည့် ဆိုင်များ နောက်ရက်များတွင် မဖွင့်ရဟု အာဏာသိမ်းစစ်ကောင်စီလက်ပါးစေ စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များက စာလိုက်ကပ်နေကြောင်း မတ္တရာမြို့ဒေသခံက ပြောသည်။

မတ္တရာမြို့နယ်ရှိ ပြည်သူလူထုများသည်လည်း ဒီဇင်ဘာ ၁၀ရက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် နိုင်ငံတဝန်း ဆောင်ရွက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြရာ မြို့ပေါ်လမ်းမများ၌ လူရှင်းနေသည်ဟု ဆိုသည်။

“ဘယ်နားမှာလိုက်ကပ်လဲဆိုတော့ ဗိုလ်ချုပ်လမ်းမကြီးပေါ်က လမ်းဘေးဝဲယာကဆိုင်တွေ။ အဲဒီ စာကပ်တဲ့ ဓာတ်ပုံတွေကို ရိုက်လို့က မရဘူးဖြစ်နေသေးတယ်။ ဒီကောင်တွေအုပ်စုက လမ်းပေါ်မှာ ဖြစ်နေသေးတယ်။ အိမ်ပြင်ထွက်ဓာတ်ပုံရိုက်တာနဲ့ ဒီကောင်တွေ ပြဿနာ ရှာနိုင်တဲ့ အနေအထားရှိလို့။ ကပ်တဲ့စာသားတိုင်းတော့ အတိအကျ မဟုတ်ပေမယ့် ဒီနေ့ပိတ်တဲ့ဆိုင်တွေ နောက်ရပ်တွေမဖွင့်ရဆိုပြီး ရေးထားတာ” ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဒီဇင်ဘာ ၃၀ ရက် ညကလည်း ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ၊ စက်ရုံရှိ အမျိုးသမီးအလုပ်သမား တစ်ဦးနှင့် အမျိုးသားအလုပ်သမား ၅ ဦး စုစုပေါင်း ပြည်သူ ၇ဦးအား ပစ်သတ်သွားခဲ့သည်။

သတင်း

စစ်ကောင်စီ စစ်ကြောင်းတွင် သင်တန်းဆင်းပျူများ အများအပြားပါဝင်နေခြင်းနှင့်ပတ်သက်၍ "၂၃ရက်နေ့ကစပြီး သင်တန်းဆင်းတဲ့ပျူတွေကြီးပဲ။ သင်တန်းဆင်းပြီးတာနဲ့ မတ္တရာမြို့နယ်ဘက်တွေကို ထိုးစစ်ဆင်တဲ့ပျူတွေကြီးပဲ။"ဟု မြနန္ဒာစစ်ဆင်ရေး၏တာဝန်ရှိသူက ပြောသည်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။