Connect with us

Hi, what are you looking for?

News

မြို့နယ်တချို့တွင် စျေးသည်များကို စစ်ကောင်စီတပ်က ရိုက်နှက်ခြိမ်းခြောက်ပြီး ​ဈေးမ​ရောင်းခိုင်းဘဲပြန်လွှတ်

“အဓိကတော့ မနေ့က Silent Day မှာ စျေးတွေပိတ်ထားတာကို မကျေနပ်လို့ ခုလိုလုပ်တာလို့ ထင်တယ်။ စျေးသမားတွေလည်း ကြောက်ပြီးပြန်သွားကြလို့ စျေးကြီးလည်း ပိတ်ထားပြီ”ဟု တွံတေးမြို့ခံအိမ်ရှင်မတစ်ဦးက ပြောသည်။

(စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေများက စျေးဆိုင်အချို့မှ ပစ္စည်းများ ယူဆောင်သွားစဥ်၊ဓာတ်ပုံ - CJ)

ယမန်နေ့ကပြုလုပ်သည့် အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ပြီး ဆိုင်ပိတ်ခဲ့သော စျေးများအား ယနေ့(ဒီဇင်ဘာ ၁၁)ဆိုင်ပြန်ဖွင့်ချိန်တွင် စစ်ကောင်စီတပ်များက စျေးသည်များအား ရိုက်နှက်ခြိမ်းခြောက်ကာ စျေးမရောင်းဘဲ ခိုင်းပြန်လွှတ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်များ၏ ရိုက်နှက်ခြိမ်းခြောက်မှုများကြုံတွေ့ရသည့် စျေးများတွင် မုံရွာမြို့ ကုန်စိမ်းစျေးတန်း၊ ကမာရွတ်ရှိ လှည်းတန်းစျေးနှင့် ထန်းတပင်လမ်းထိပ်လမ်းဘေးစျေးအပါအဝင် တွံတေးမြို့မစျေးတို့ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

(စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေများက စျေးဆိုင်အချို့မှ ပစ္စည်းများ ယူဆောင်သွားစဥ်၊ဓာတ်ပုံ – CJ)

မုံရွာမြို့ရှိ ကုန်စိမ်းစျေး(တောစျေးတန်း)မှ စျေးသည်များ ယနေ့နံနက်စျေးထွက်ချိန်တွင် စစ်ကောင်စီတပ်များက ရိုက်နှက်ပြီးပြန်လွှတ်သည်များရှိခဲ့ပြီး အလားတူ ရန်ကုန်မြို့ လှည်းတန်းစျေးနှင့် ထန်းတပင်လမ်းရှိ လမ်းဘေးစျေးသည်များကိုလည်း ဆဲဆိုခြိမ်းခြောက်မှုများရှိနေခြင်းကြောင်း စျေးသည်အချို့ဆိုင်သိမ်းနေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယနေ့နံနက်အစောပိုင်းကလည်း တွံတေးမြို့ စျေးရုံကြီးအတွင်း စစ်ကောင်စီတပ်များက သေနတ်ပစ် ဖောက်ပြီး စျေးမရောင်းရဆိုကာ စျေးသည်များကို ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေများက စျေးဆိုင်အချို့မှ ပစ္စည်းများ ယူဆောင်သွားစဥ်၊ဓာတ်ပုံ – CJ)

နံနက် ၄ နာရီခန့်ကတည်းက စျေးသို့ စစ်ကောင်စီတပ်များကားဖြင့် ရောက်ရှိလာပြီး သေနတ်ငါးချက်ခန့် မိုးပေါ်ထောင်ပစ်ကာ စျေးမရောင်းရန် တားမြစ်ခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ မနေ့က Silent Day မှာ စျေးတွေပိတ်ထားတာကို မကျေနပ်လို့ ခုလိုလုပ်တာလို့ ထင်တယ်။ စျေးသမားတွေလည်း ကြောက်ပြီးပြန်သွားကြလို့ စျေးကြီးလည်း ပိတ်ထားပြီ”ဟု တွံတေးမြို့ခံအိမ်ရှင်မတစ်ဦးက ပြောသည်။

အသံတိတ်သပိတ်တွင် တွံတေးမြို့ခံများသည်လည်း အခြားသော မြို့နယ်နေပြည်သူများနည်းတူ လမ်းပေါ်မထွက်၊ ဆိုင်မဖွင့်ဘဲ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထို့ကြောင့် ယမန်နေ့(ဒီဇင်ဘာ ၁၀)နေ့လယ်ပိုင်းလောက်ကစပြီး တွံတေး – ဒလလမ်းသစ်နှင့် လမ်းဟောင်းတို့ကို ဗောင်းတော်ချုပ်လမ်းဆုံမှနေ၍ ပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းအထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးပေ။

ယမန်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သော အသံတိတ်သပိတ်၌ပူးပေါင်းပါဝင်ခဲ့သည့် စျေးသည် များနှင့် စျေးဆိုင်ရှင်များအား စစ်ကောင်စီမှ ပစ်မှတ်ထားကာ ပစ္စည်းများသိမ်းယူခြင်း၊ ဆိုင်များဆက်လက် ပိတ်ခိုင်းခြင်းအပါအဝင် နှောက်ယှက်ဖျက်ဆီးမှုများ ရှိနေသည်။

စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေများ ပစ် မှတ်ထားခံရသည့်စျေးများတွင် ပဲခူးတိုင်း ဒိုက်ဦးမြို့မစျေးဆိုလျင် ယမန်နေ့ညနေပိုင်းကတည်းက ကိုဗစ်ကာကွယ်ရေးအတွက် စျေးကိုတစ်ပတ်တိတိပိတ်ရမည်ဟု မြို့စီမံ ကောင်စီက စာထုတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။