Connect with us

Hi, what are you looking for?

News

ထားဝယ်ထောင်ရှိ နိုင်ကျဥ်းအမျိုးသမီးတစ်ဦး ကျန်းမာရေးအခြေအနေစိုးရိမ်နေရ

အသက် (၂၆) နှစ်အရွယ် မစုလှိုင်နွေးသည် ကျောက်ကပ်၊ သားအိမ်နှင့်ပတ်သက်သည့် ရောဂါရှိသူဖြစ်ကြောင်း၊ ယင်းရောဂါများကြောင့် ထောင်ထဲ၌ မကြာခဏ နေမကောင်းဖြစ်ခဲ့ကြောင်း ဖော််််​ပြထားသည်။

ထားဝယ်အကျဥ်းထောင်၌ ထိန်းသိမ်းခံထားရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အမျိုး သမီးတစ်ဦး မစုလှိုင်နွေးသည် ကျန်းမာရေးအခြေအနေစိုးရိမ်နေရကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN) ကထုတ်ပြန်သည်။

ထားဝယ်မြို့ပေါ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် မစုလှိုင်နွေးသည် ပြီးခဲ့သည့်မေလ ၂၉ရက်က အခြားလူငယ် ရှစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ မစုလှိုင်နွေးအပါအဝင် ကိုးဦးကို ၅၀၅(က) ၊၅၀၅(ဂ)၊ အကြမ်းဖက်ပုဒ်မ ၅၂(က) ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ထောင်တွင်းတရားရုံး၌ စစ်ဆေးနေဆဲ ဖြစ်သည်။

အသက် (၂၆) နှစ်အရွယ် မစုလှိုင်နွေးသည် ကျောက်ကပ်၊ သားအိမ်နှင့်ပတ်သက်သည့် ရောဂါရှိသူဖြစ်ကြောင်း၊ ယင်းရောဂါများကြောင့် ထောင်ထဲ၌ မကြာခဏ နေမကောင်းဖြစ်ခဲ့ကြောင်း ဖော််််​ပြထားသည်။

၎င်းသည် ပြီးခဲ့သည့် အောက်တိုဘာက ရောဂါပြင်းထန်ခဲ့ရာနေအိမ်က ပို့ပေးသည့်ဆေးများကြောင့် ပြန် သက်သာခဲ့သော်လည်း ဒီဇင်ဘာ ၉ရက်တွင် ရောဂါပြန်ဆိုးရွားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အသက်ရှုကြပ်ခြင်း ၊သွေးအလွန်အကျွံဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အောက်စီဂျင်ပေးပြီး ထားဝယ်ဆေးရုံ၌ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကြောင်း၊ မစုလှိုင်နွေး၏ ရောဂါအခြေအနေသည် ဆေးရုံ၌ထား၍ အထူးကြပ်မတ်ကုသရမည့် အခြေအနေမျိုးဖြစ်သော်လည်း နေ့တွင်းချင်း ထားဝယ်အကျဥ်းထောင်သို့ ပြန်ခေါ်သွားခဲ့ကြောင်း၊ မစုလှိုင်နွေး၏ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာမည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း DPPNက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။