Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်ထောင်ရှိ နိုင်ကျဥ်းအမျိုးသမီးတစ်ဦး ကျန်းမာရေးအခြေအနေစိုးရိမ်နေရ

အသက် (၂၆) နှစ်အရွယ် မစုလှိုင်နွေးသည် ကျောက်ကပ်၊ သားအိမ်နှင့်ပတ်သက်သည့် ရောဂါရှိသူဖြစ်ကြောင်း၊ ယင်းရောဂါများကြောင့် ထောင်ထဲ၌ မကြာခဏ နေမကောင်းဖြစ်ခဲ့ကြောင်း ဖော််််​ပြထားသည်။

ထားဝယ်အကျဥ်းထောင်၌ ထိန်းသိမ်းခံထားရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အမျိုး သမီးတစ်ဦး မစုလှိုင်နွေးသည် ကျန်းမာရေးအခြေအနေစိုးရိမ်နေရကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN) ကထုတ်ပြန်သည်။

ထားဝယ်မြို့ပေါ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် မစုလှိုင်နွေးသည် ပြီးခဲ့သည့်မေလ ၂၉ရက်က အခြားလူငယ် ရှစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ မစုလှိုင်နွေးအပါအဝင် ကိုးဦးကို ၅၀၅(က) ၊၅၀၅(ဂ)၊ အကြမ်းဖက်ပုဒ်မ ၅၂(က) ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ထောင်တွင်းတရားရုံး၌ စစ်ဆေးနေဆဲ ဖြစ်သည်။

အသက် (၂၆) နှစ်အရွယ် မစုလှိုင်နွေးသည် ကျောက်ကပ်၊ သားအိမ်နှင့်ပတ်သက်သည့် ရောဂါရှိသူဖြစ်ကြောင်း၊ ယင်းရောဂါများကြောင့် ထောင်ထဲ၌ မကြာခဏ နေမကောင်းဖြစ်ခဲ့ကြောင်း ဖော််််​ပြထားသည်။

၎င်းသည် ပြီးခဲ့သည့် အောက်တိုဘာက ရောဂါပြင်းထန်ခဲ့ရာနေအိမ်က ပို့ပေးသည့်ဆေးများကြောင့် ပြန် သက်သာခဲ့သော်လည်း ဒီဇင်ဘာ ၉ရက်တွင် ရောဂါပြန်ဆိုးရွားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အသက်ရှုကြပ်ခြင်း ၊သွေးအလွန်အကျွံဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အောက်စီဂျင်ပေးပြီး ထားဝယ်ဆေးရုံ၌ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကြောင်း၊ မစုလှိုင်နွေး၏ ရောဂါအခြေအနေသည် ဆေးရုံ၌ထား၍ အထူးကြပ်မတ်ကုသရမည့် အခြေအနေမျိုးဖြစ်သော်လည်း နေ့တွင်းချင်း ထားဝယ်အကျဥ်းထောင်သို့ ပြန်ခေါ်သွားခဲ့ကြောင်း၊ မစုလှိုင်နွေး၏ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာမည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း DPPNက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

အချုပ်ခန်း သုံးခန်းအတွင်း ချုပ်နှောင်ခံထားရသူများတွင် အသက်မပြည့်‌ သေးသည့် ကလေးသူငယ် ၂၀ ပါဝင်ကြောင်း PPNMက ဆိုသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။