Connect with us

Hi, what are you looking for?

News

ဝမ်းတွင်းမြို့နယ်ရှိ သတင်းပေးဒလန်တစ်ဦးကို WTRF ရှင်းလင်း

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီလက်ပါးစေသတင်း ပေးဒလန်များကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာအတွင် အရပ်သားပြည်သူအများအပြားဖမ်းဆီးရသည်များရှိခဲ့ပြီး ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်များက ခြိမ်းခြောက်ဆဲဆိုရိုက်နှက်မှုများရှိခဲ့သည်။

People's Spring
People's Spring

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ သတင်းပေးဒလန်ဆိုသူတစ်ဦးကို အဆုံးစီရင်၍ သုတ်သင်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force – WTRF က ယနေ့(ဒီဇင်ဘာ ၁၁)ည ထုတ်ပြန်သည်။

“သေဒဏ်စာရင်းထဲက ဒလန်တစ်ကောင် ဝမ်းတွင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာ ပျူစောထီးသင်တန်း ဆင်း စကစ သတင်းပေး ဒလန်အောင်ဆန်းနိုင်အား ၁၁-၁၂-၂၀၂၁ တွင် WTRFမှ အဆုံးစီရင်ပေးလိုက်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီလက်ပါးစေသတင်း ပေးဒလန်များကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာအတွင် အရပ်သားပြည်သူအများအပြားဖမ်းဆီးရသည်များရှိခဲ့ပြီး ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်များက ခြိမ်းခြောက်ဆဲဆိုရိုက်နှက်မှုများရှိခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာအတွင်း ​ဒေသကာကွယ်ကေးတပ်ဖွဲ့များက သုတ်သင်ရှင်လင်းမှုများပြုလုပ်ခဲ့ရာ ကျောင်းတိုင်ဘုန်းကြီးတစ်ပါးအပါအဝင် Non CDM ကျောင်းဆရာမတစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးတို့ကို အသီးသီး ရှင်းလင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။