Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝမ်းတွင်းမြို့နယ်ရှိ သတင်းပေးဒလန်တစ်ဦးကို WTRF ရှင်းလင်း

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီလက်ပါးစေသတင်း ပေးဒလန်များကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာအတွင် အရပ်သားပြည်သူအများအပြားဖမ်းဆီးရသည်များရှိခဲ့ပြီး ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်များက ခြိမ်းခြောက်ဆဲဆိုရိုက်နှက်မှုများရှိခဲ့သည်။

People's Spring
People's Spring

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ သတင်းပေးဒလန်ဆိုသူတစ်ဦးကို အဆုံးစီရင်၍ သုတ်သင်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force – WTRF က ယနေ့(ဒီဇင်ဘာ ၁၁)ည ထုတ်ပြန်သည်။

“သေဒဏ်စာရင်းထဲက ဒလန်တစ်ကောင် ဝမ်းတွင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာ ပျူစောထီးသင်တန်း ဆင်း စကစ သတင်းပေး ဒလန်အောင်ဆန်းနိုင်အား ၁၁-၁၂-၂၀၂၁ တွင် WTRFမှ အဆုံးစီရင်ပေးလိုက်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီလက်ပါးစေသတင်း ပေးဒလန်များကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာအတွင် အရပ်သားပြည်သူအများအပြားဖမ်းဆီးရသည်များရှိခဲ့ပြီး ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်များက ခြိမ်းခြောက်ဆဲဆိုရိုက်နှက်မှုများရှိခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာအတွင်း ​ဒေသကာကွယ်ကေးတပ်ဖွဲ့များက သုတ်သင်ရှင်လင်းမှုများပြုလုပ်ခဲ့ရာ ကျောင်းတိုင်ဘုန်းကြီးတစ်ပါးအပါအဝင် Non CDM ကျောင်းဆရာမတစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးတို့ကို အသီးသီး ရှင်းလင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

Voice Of Wundwin အဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း"မြို့လယ်ခေါင် ထမင်းဆိုင်နားမှာ သူ့ကိုလိုက်ထောက်နေတဲ့သူက တွေ့တာနဲ့ဆော်လိုက်တာ။ သူက အရပ်ဝတ်နဲ့ပဲနေတာ။ ပုံဖျက်ထားတာ။"ဟုပြောသည်။

သတင်း

တရားခံများအား ဖမ်းဆီးရမိရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

သတင်း

တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင် ဒေါ်မာမာအေးကို ဖားကန့်မြို့နယ်၊ဖားပြင်ကျေးရွာတွင် စစ်ကောင်စီတပ်က မတ်လ ၆ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။

သတင်း

ဆိပ်မူရပ်ကွက် ဘွန်ဘရာကုန်းတွင်နေထိုင်သော ကျော်ငြိမ်းဆိုသူသည် နတ်မှော်ကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးခရခြင်း ဖြစ်သည်။