Connect with us

Hi, what are you looking for?

News

မန္တ​လေးတွင်ဆိုင်ကယ်စီးကိုယ်ဝန်​ဆောင်သူနာပြုဇနီးမောင်နှံပစ်သတ်ခံရ၊ စစ်​ကောင်စီတပ်ကပစ်ဟု​ဒေသခံများ​ပြော

“ဆုံးတဲ့အမျိုးသားက ကိုအာကာပါ။ သူကသူ့အမျိုးသမီးကို ​သူ့အမျိုးသမီးအလုပ်လုပ်နေတဲ့ မြို့တော်ဆေးရုံ(City Hospital)ကိုလိုက်ပို့ရင်းဖြစ်တာ။ အခုအလောင်းအိမ်ပြန်သယ်လာကြပြီ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တလေးမြို့ ၆၂လမ်း ကုတင်၃၀၀ ဆေးရုံရှေ့တွင် ဆိုင်ကယ်တစ်စီး ပစ်ခတ်ခံရပြီး ဆိုင်ကယ်ပေါ်ပါ ကိုယ်ဝန်ဆောင်သူနာပြုဆရာမနှင့် ၎င်း၏အမျိုးသားတို့ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၈ နာရီဝန်းကျင်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းရှိ ကုတင် ၃၀၀ ဆေးရုံရှေ့တွင်လမ်းပေါ်တွင်ဖြတ်သန်းသွားသည့် အမျိုးသားတစ်ဦးမောင်းနှင်ကာ အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် ဇနီးမောင်နှံနှစ်ယောက်၏ဆိုင်ကယ်အား ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူအမျိုးသား နှစ်ချက်၊ အမျိုးသမီးတစ်ချက် ထိ့မှန်ခဲ့ပြီး သေဆုံးသွားကာ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ထားရသူဖြစ်ကြောင်း မြို့ခံတို့ကပြောသည်။

ပစ်ခတ်ခံရသည့်နေရာအနီးရှိ ကုတင် ၃၀၀ ဆေးရုံဝင်းထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ၎င်းတို့ပစ်ခတ်ခဲ့သည်ဟုလည်း မြို့ခံများကပြောဆိုနေကြသည်။အဆိုပါ​​ဆေးရုံ​ရှေ့တွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ယခင်ကလည်းမကြာခဏ လမ်းသွားလမ်းလာများကို စစ်​ဆေးတက်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“ဆုံးတဲ့အမျိုးသားက ကိုအာကာပါ။ သူကသူ့အမျိုးသမီးကို ​သူ့အမျိုးသမီးအလုပ်လုပ်နေတဲ့ မြို့တော်ဆေးရုံ(City Hospital)ကိုလိုက်ပို့ရင်းဖြစ်တာ။ အခုအလောင်းအိမ်ပြန်သယ်လာကြပြီ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

​သေနတ်ဖြင့်ပစ်ခံရ၍​သေဆုံးခဲ့​သောကိုယ်ဝန်​ဆောင်မိခင်သည် City Hospital ပုဂ္ဂလိက​ဆေးရုံတွင်သူနာပြုလုပ်ကိုင်​နေ​သောမချမ်းမြငြိမ်းဖြစ်ပြီး၊ဆိုင်ကယ်​​မောင်းနှင်သူမှာ သူမ၏ခင်ပွန်း ကိုအာကာဖြိုးဖြစ်သည်။၎င်းတို့နှစ်ဦး မဂ်လာ​ဆောင်ထားသည်မှာလပိုင်းသာရှိ​သေး​ကြောင်းသိ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။