Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တ​လေးတွင်ဆိုင်ကယ်စီးကိုယ်ဝန်​ဆောင်သူနာပြုဇနီးမောင်နှံပစ်သတ်ခံရ၊ စစ်​ကောင်စီတပ်ကပစ်ဟု​ဒေသခံများ​ပြော

“ဆုံးတဲ့အမျိုးသားက ကိုအာကာပါ။ သူကသူ့အမျိုးသမီးကို ​သူ့အမျိုးသမီးအလုပ်လုပ်နေတဲ့ မြို့တော်ဆေးရုံ(City Hospital)ကိုလိုက်ပို့ရင်းဖြစ်တာ။ အခုအလောင်းအိမ်ပြန်သယ်လာကြပြီ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တလေးမြို့ ၆၂လမ်း ကုတင်၃၀၀ ဆေးရုံရှေ့တွင် ဆိုင်ကယ်တစ်စီး ပစ်ခတ်ခံရပြီး ဆိုင်ကယ်ပေါ်ပါ ကိုယ်ဝန်ဆောင်သူနာပြုဆရာမနှင့် ၎င်း၏အမျိုးသားတို့ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၈ နာရီဝန်းကျင်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းရှိ ကုတင် ၃၀၀ ဆေးရုံရှေ့တွင်လမ်းပေါ်တွင်ဖြတ်သန်းသွားသည့် အမျိုးသားတစ်ဦးမောင်းနှင်ကာ အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် ဇနီးမောင်နှံနှစ်ယောက်၏ဆိုင်ကယ်အား ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူအမျိုးသား နှစ်ချက်၊ အမျိုးသမီးတစ်ချက် ထိ့မှန်ခဲ့ပြီး သေဆုံးသွားကာ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ထားရသူဖြစ်ကြောင်း မြို့ခံတို့ကပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရသည့်နေရာအနီးရှိ ကုတင် ၃၀၀ ဆေးရုံဝင်းထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ၎င်းတို့ပစ်ခတ်ခဲ့သည်ဟုလည်း မြို့ခံများကပြောဆိုနေကြသည်။အဆိုပါ​​ဆေးရုံ​ရှေ့တွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ယခင်ကလည်းမကြာခဏ လမ်းသွားလမ်းလာများကို စစ်​ဆေးတက်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“ဆုံးတဲ့အမျိုးသားက ကိုအာကာပါ။ သူကသူ့အမျိုးသမီးကို ​သူ့အမျိုးသမီးအလုပ်လုပ်နေတဲ့ မြို့တော်ဆေးရုံ(City Hospital)ကိုလိုက်ပို့ရင်းဖြစ်တာ။ အခုအလောင်းအိမ်ပြန်သယ်လာကြပြီ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

​သေနတ်ဖြင့်ပစ်ခံရ၍​သေဆုံးခဲ့​သောကိုယ်ဝန်​ဆောင်မိခင်သည် City Hospital ပုဂ္ဂလိက​ဆေးရုံတွင်သူနာပြုလုပ်ကိုင်​နေ​သောမချမ်းမြငြိမ်းဖြစ်ပြီး၊ဆိုင်ကယ်​​မောင်းနှင်သူမှာ သူမ၏ခင်ပွန်း ကိုအာကာဖြိုးဖြစ်သည်။၎င်းတို့နှစ်ဦး မဂ်လာ​ဆောင်ထားသည်မှာလပိုင်းသာရှိ​သေး​ကြောင်းသိ့ရသည်။