Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆိုင်ကယ်မရပ်ပေးလို့ဆိုကာ မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ဒီဇင်ဘာလ ၁၁ ရက် ညပိုင်း က ကျုံးဘေး ၂၆ လမ်း ၊၇၈ လမ်းထောင့် မှာ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ဦး ကို ပစ်ခတ်ခဲ့တာပါ။

People's Spring
People's Spring

ဆိုင်ကယ်စီးလူငယ် ၄ ဦးကို စစ်ဆေးဖို့တားဖြစ်ရာမှာ ရပ်မပေးလို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် မန္တလေးမှာ မနေ့ကညပိုင်းက ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် ညပိုင်း က ကျုံးဘေး ၂၆ လမ်း ၊၇၈ လမ်းထောင့် မှာ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ဦး ကို ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ဟာ အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားပြီး ဒဏ်ရာရသူ ၃ ဦးအနက် ၂ ဦးဟာ စိုးရိမ်ရတယ်လို့သိရပါတယ်။

ဒဏ်ရာရသူတွေကို မန္တလေး ဆေးရုံမှာကုသပေးနေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးရဲ့နေရာအများစုမှာ ဆိုင်ကယ် စစ်ဆေးဖို့ တားမြစ်ရာ မရပ်ပေးလို့ဆိုကာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာတွေကို နေ့စဉ်နီးပါးလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။