Connect with us

Hi, what are you looking for?

News

ဆိုင်ကယ်မရပ်ပေးလို့ဆိုကာ မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ဒီဇင်ဘာလ ၁၁ ရက် ညပိုင်း က ကျုံးဘေး ၂၆ လမ်း ၊၇၈ လမ်းထောင့် မှာ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ဦး ကို ပစ်ခတ်ခဲ့တာပါ။

People's Spring
People's Spring

ဆိုင်ကယ်စီးလူငယ် ၄ ဦးကို စစ်ဆေးဖို့တားဖြစ်ရာမှာ ရပ်မပေးလို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် မန္တလေးမှာ မနေ့ကညပိုင်းက ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် ညပိုင်း က ကျုံးဘေး ၂၆ လမ်း ၊၇၈ လမ်းထောင့် မှာ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ဦး ကို ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ဟာ အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားပြီး ဒဏ်ရာရသူ ၃ ဦးအနက် ၂ ဦးဟာ စိုးရိမ်ရတယ်လို့သိရပါတယ်။

ဒဏ်ရာရသူတွေကို မန္တလေး ဆေးရုံမှာကုသပေးနေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးရဲ့နေရာအများစုမှာ ဆိုင်ကယ် စစ်ဆေးဖို့ တားမြစ်ရာ မရပ်ပေးလို့ဆိုကာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာတွေကို နေ့စဉ်နီးပါးလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။