စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရန်အတွက် အကြမ်းဖက်စစ်ကောင်စီကိုခုခံတော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင်များ၊ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ(LDF)၊မြို့ပြပျောက်ကြားများ၊ ပုံစံမျိုးစုံဖြင့်ဆန္ဒထုတ်ဖော်နေသောဆန္ဒပြသူများအပါအဝင် ပြည်တွင်းမှတော်လှန်နေသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ဂုဏ်ပြုကြောင်း၊အတည်ရပ်တည်ကြောင်းပြသသည့်အနေဖြင့် အမေရိကန်နိုင်ငံရောက် မြန်မာများက လက်မှတ်ရေးထိုးအားပေးခဲ့ကြသည်း
ဒီဇင်ဘာ ၁၁ရက် ၊၁၂ ရက်ကပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ မြန်မာနွေဦးတော်လှန် ရေးအထိမ်းအမှတ် နှင့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အဖြစ် အမေရီကန်နိုင်ငံ နယူးယောက်ခ်မြို့တွင်ပြုလုပ်သောစစ်အာဏာရှင် ဖြုတ်ချရေးဆန္ဒပြပွဲတွင်ဦးမင်းကိုနိုင်၏
“ဂုဏ်ယူအားပေးပုံတူဓါးသွေးနေပါတယ်”စာသားဗီနိုင်တွင် အမေရီကန်ရောက်မြန်မာများ ၊မြန်မာ့ဒီမိုကရေစီအရေးအားပေးထောက်ခံသောနိုင်ငံခြားသားအချို့ကပါ ပြည်တွင်းမှ PDFများ၊ LDF များ၊ ဆန္ဒပြပြည်သူများအတွက်စိတ်ခွန်အားဖြစ်ဖွယ် စာများရေးသားလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။