Connect with us

Hi, what are you looking for?

News

မန္တလေး-ရွှေဘိုလမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

ရွှေဘိုဘက်မှ စစ်ကိုင်းဘက်သို့ ဦးတည်မောင်းနှင်လာသည့် စုစုပေါင်း စစ်ကောင်စီတပ်သားမအင်အား ၅၀ခန့် လိုက်ပါစီးနင်းလာသော ပါဂျဲရို ၁စီး၊ စစ်ကားကြီး ၂ စီး၊ ၃စီးပါ စစ်ယာဉ်တန်းကို ရှေ့ထွက်မိုင်းဆွဲခဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်သညိဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-ရွှေဘိုလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့( ဒီဇင်ဘာလ ၁၄ ရက် )ညနေ ၄း၅၀ အချိန်က စစ်ကိုင်းမြို့နယ် မန္တလေး-ရွှေဘို ကားလမ်းမကြီးပေါ် မာလဲတောလမ်းခွဲအနီးတွင် စစ်ကောင်စီယာဉ်တန်းကို စစ်ကိုင်းမြို့နယ်ပကဖအဖွဲ့၏ ထုတ်နုတ်အင်အားမှ ရှေ့ထွက်မိုင်း ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

Public Service Announcement

ရွှေဘိုဘက်မှ စစ်ကိုင်းဘက်သို့ ဦးတည်မောင်းနှင်လာသည့် စုစုပေါင်း စစ်ကောင်စီတပ်သားမအင်အား ၅၀ခန့် လိုက်ပါစီးနင်းလာသော ပါဂျဲရို ၁စီး၊ စစ်ကားကြီး ၂ စီး၊ ၃စီးပါ စစ်ယာဉ်တန်းကို ရှေ့ထွက်မိုင်းဆွဲခဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်သညိဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျွန်တော်တို့ မိုင်းဆွဲလိုက်တယ်၊ စစ်တွေက ၅မိနစ်လောက် တရပ်စပ် ရမ်းသမ်းပစ်တယ်၊ နောက်ဆုံးကားထိတာဗျ၊ ကားမှန်တွေကွဲပြီးတော့ ဘော်ဒီပါပျက်စီးတယ်၊ အထိခိုက်များနိုင်တယ်၊ ထိခိုက်သေဆုံးတဲ့အရေအတွက်တော့ တိတိကျကျ မသိရဘူး”ဟု မြို့နယ်ပကဖတပ်ဖွဲ့ တာဝန်ရှိသူမှ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးကို ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၁ဝ ရက်နေ့ညနေပိုင်းကလည်း စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာ လမ်းမကြီးပေါ် ညောင်ပင်ဝန်းကျေးရွာ နှင့် နတ်ခရိုင်ကျေးရွာကြားတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်အား ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။