Connect with us

Hi, what are you looking for?

News

လေးကေကော်မှာ စစ်ရှောင်ရသူ ထောင်နဲ့ချီရှိလာ၊ ကူညီကယ်ဆယ်ရေးပစ္စည်းတွေလိုအပ်နေ

တိုက်ပွဲတွေကြောင့် လေးကေကော်မြို့သစ်ပေါ်မှာ နေတဲ့ ဒေသခံတွေက အနီးပတ်ဝန်းကျင်ကကျေးရွာတွေ ၊တောတွေထဲကို ဝင်ပြေးကြရတဲ့အခြေအနေဖြစ်နေတာပါ။

လေးကေကော်မြို့သစ်မှာ KNU နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ရှောင်ရသူဦးရေ များလာပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်နေတယ်လို့သိရပါတယ်။

တိုက်ပွဲဟာ မနေ့က ဒီဇင်ဘာလ ၁၅ ရက်စတင်ပြီးဖြစ်ပွားနေကာ ဒီနေ့မှာလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

စာသင်ကျောင်းနဲ့ မနီးမဝေးမှာ တိုက်ပွဲဖြစ်လာလို့ စာသင်သားကလေးငယ်တွေ ပုန်းခိုနေရတာကို ဒီဇင်ဘာလ ၁၆ ရက်က တွေ့ရပုံ

ဒါကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီး သူတို့တွေအတွက် အစားအသောက် ၊သောက်ရေနဲ့ အမိုးအကာတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကူညီပေးနေတဲ့. ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လေးကေကော်မြို့သစ်ပေါ်မှာ နေတဲ့ ဒေသခံတွေက အနီးပတ်ဝန်းကျင်ကကျေးရွာတွေ ၊တောတွေထဲကို ဝင်ပြေးကြရတဲ့အခြေအနေဖြစ်နေတာပါ။

Public Service Announcement

Public Service Announcement

Public Service Announcement

တိုက်ပွဲစဖြစ်တဲ့မနေ့က တင် တိမ်းရှောင်ရသူ ထောင်ကျော်ရှိခဲ့ပြီး ဆက်လက်များပြားလာနိုင်တယ်လို့လည်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ခရစ်ယာန်သင်းအုပ်က ပြောပါတယ်။

လက်ရှိမှာတော့ ဘေးလွတ်ရာ ဘာသာရေးအဆောက်အဦးတွေမှာ နေရာချထားပေးနေရတယ်လို့သိရပါတယ်။

စာသင်ကျောင်းနဲ့ မနီးမဝေးမှာ တိုက်ပွဲဖြစ်လာလို့ စာသင်သားကလေးငယ်တွေ ပုန်းခိုနေရတာကို ဒီဇင်ဘာလ ၁၆ ရက်က တွေ့ရပုံ

စစ်ရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ နေထိုင်ရေးအတွက် ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် တာဝန်ရှိသူတွေက တာဝန်ယူစောင့်ရှောက်ပေးနရပြီး စစ်ရှောင်တွေ ပြန့်ကျဲနေလို့ လိုက်လံစုစည်းပြီး နေရာထိုင်ခင်းတွေ ချထားဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။