Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ ရှစ်ဦးထက်မနည်း​သေဟု ဗိုလ်နဂါး​ပြော

“ဒီဇင်ဘာ ၁၃ ရက်လောက်ကစလို့ အကြမ်းဖက်စစ်သားတွေ ပုလဲမြို့နယ်ထဲကို အင်အားဖြည့်လာတယ်။ဒါကြောင့် သူတို့လမ်းကြောင်းတွေကို ကြိုစောင့်ပြီး တိုက်နေတယ်။သူတို့ဘက်က ဒေသထဲကို တိုးရင်တိုးလာသလို တိုက်နေမယ်။အကြမ်းဖက်သမားတွေလည်း သေပြီးရင် သေနေမယ်”ဟု PPDF အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ပုလဲမြို့နယ် သပြေကုန်းရွာအနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရာ ရှစ်ဦးထက်မနည်းသေဆုံး​ကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PPDF)က ထုတ်ပြန်သည်။

ယ​နေ့(ဒီဇင်ဘာ ၁၆ရက်) နံနက် ၉နာရီခန့်က အကြမ်း ဖက်စစ်ကောင်စီယာဥ်တန်းကို သပြေကုန်းရွာ အနောက်ဘက်အရောက်၌ ဆွဲမိုင်းများနှင့်အတူ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု PPDF က ဆိုသည်။

“ဒီဇင်ဘာ ၁၃ ရက်လောက်ကစလို့ အကြမ်းဖက်စစ်သားတွေ ပုလဲမြို့နယ်ထဲကို အင်အားဖြည့်လာတယ်။ဒါကြောင့် သူတို့လမ်းကြောင်းတွေကို ကြိုစောင့်ပြီး တိုက်နေတယ်။သူတို့ဘက်က ဒေသထဲကို တိုးရင်တိုးလာသလို တိုက်နေမယ်။အကြမ်းဖက်သမားတွေလည်း သေပြီးရင် သေနေမယ်”ဟု PPDF အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်ကလည်း ပုလဲမြို့နယ်၊ ကုက္ကိုကုန်းရွာ၊ လက်ပုကန်ရွာ၊ နှောကန်ရွာအနီးတို့တွင် လေး​ကြိမ်တိုင်ယာဥ်တန်းနှင့်အတူ ခြေလျင်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF )က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်းက ပုလဲမြို့မှ ထွက်ခွာလာသောအကြမ်း ဖက်စစ်ကောင်စီ၏ စစ်ကားနှင့် ခြေလျင် တပ်သားများကို ပုလဲမြို့အနောက်ဘက် ၅မိုင်ခန့်တွင် ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစု (PPDG) ကတိုက်ခိုက်ခဲ့သည်။

ယမန်နေ့​ဖြစ်စဥ်တွင် စစ်ကားတစ်စီးမီးလောင်ခဲ့ပြီး ပုလဲ-ဂန့်ဂေါလမ်းဘေးရှိ တောတဲများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ အနီးနားကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ဦး လက်နက်ကြီးအဆံ ထိမှန်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။