Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ ရှစ်ဦးထက်မနည်း​သေဟု ဗိုလ်နဂါး​ပြော

“ဒီဇင်ဘာ ၁၃ ရက်လောက်ကစလို့ အကြမ်းဖက်စစ်သားတွေ ပုလဲမြို့နယ်ထဲကို အင်အားဖြည့်လာတယ်။ဒါကြောင့် သူတို့လမ်းကြောင်းတွေကို ကြိုစောင့်ပြီး တိုက်နေတယ်။သူတို့ဘက်က ဒေသထဲကို တိုးရင်တိုးလာသလို တိုက်နေမယ်။အကြမ်းဖက်သမားတွေလည်း သေပြီးရင် သေနေမယ်”ဟု PPDF အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ပုလဲမြို့နယ် သပြေကုန်းရွာအနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရာ ရှစ်ဦးထက်မနည်းသေဆုံး​ကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PPDF)က ထုတ်ပြန်သည်။

ယ​နေ့(ဒီဇင်ဘာ ၁၆ရက်) နံနက် ၉နာရီခန့်က အကြမ်း ဖက်စစ်ကောင်စီယာဥ်တန်းကို သပြေကုန်းရွာ အနောက်ဘက်အရောက်၌ ဆွဲမိုင်းများနှင့်အတူ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု PPDF က ဆိုသည်။

“ဒီဇင်ဘာ ၁၃ ရက်လောက်ကစလို့ အကြမ်းဖက်စစ်သားတွေ ပုလဲမြို့နယ်ထဲကို အင်အားဖြည့်လာတယ်။ဒါကြောင့် သူတို့လမ်းကြောင်းတွေကို ကြိုစောင့်ပြီး တိုက်နေတယ်။သူတို့ဘက်က ဒေသထဲကို တိုးရင်တိုးလာသလို တိုက်နေမယ်။အကြမ်းဖက်သမားတွေလည်း သေပြီးရင် သေနေမယ်”ဟု PPDF အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်ကလည်း ပုလဲမြို့နယ်၊ ကုက္ကိုကုန်းရွာ၊ လက်ပုကန်ရွာ၊ နှောကန်ရွာအနီးတို့တွင် လေး​ကြိမ်တိုင်ယာဥ်တန်းနှင့်အတူ ခြေလျင်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF )က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်းက ပုလဲမြို့မှ ထွက်ခွာလာသောအကြမ်း ဖက်စစ်ကောင်စီ၏ စစ်ကားနှင့် ခြေလျင် တပ်သားများကို ပုလဲမြို့အနောက်ဘက် ၅မိုင်ခန့်တွင် ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစု (PPDG) ကတိုက်ခိုက်ခဲ့သည်။

ယမန်နေ့​ဖြစ်စဥ်တွင် စစ်ကားတစ်စီးမီးလောင်ခဲ့ပြီး ပုလဲ-ဂန့်ဂေါလမ်းဘေးရှိ တောတဲများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ အနီးနားကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ဦး လက်နက်ကြီးအဆံ ထိမှန်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသ​​နေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းက​နေ ဒီ​နေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညိုဟာ ဆေးကူသမှုခံယူနေစဉ် ထွက်ပြေးလွတ် မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။