မြောင်းမြို့ ကင်းရွာလမ်းခွဲအနီးတွင် စစ်ကောင် စီတပ်မှ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာ ၁၅)နံနက်ပိုင်းတွင်း ကင်းရွာလမ်းခွဲ မြိုင်ဘောလုံးကွင်း မြောက်ဘက်တွင် မုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
“သုံးကောင်သေ၊ ငါးကောင်ဒဏ်ရာရ၊ မိုင်းဆွဲတိုက်ခိုက်တာဖြစ်တယ်”ဟု မြောင် PDF နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် YFPDF(Myaing)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
အထက်ပါတိုက်ခိုက်မှုကို Tar Tay Gyi ၊ MSPDF ၊ ဗိုလ်တောက်ထွန်း(MBTT)၊ MRA ၊ ပြောက်ကျားလင်းယုန်နှင့် YFPDF စသည့် မဟာမိတ်(၆)ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


















































