Connect with us

Hi, what are you looking for?

News

လေး​ကေ့​ကော်​အတွက် လူသားချင်းစာနာမှု အ​ထောက်အပံ့ အမြန်​ရောက်​ရန်စီစဥ်​နေဟု ​ဒေါက်တာဝင်းမြတ်​အေး​ပြော

NUG အစိုးရအနေဖြင့် စစ်ဘေးရှောင်ဒေသခံများ၊ကူညီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသော်လည်း စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်နိုင်မှသာ ယခုကပ်ဘေးများမှ လုံးဝကင်းလွတ်မည်ဟု ပြည်ထောင်စုဝန်ကြီး သုံးသပ်သည်။

-ပြည်သူများကလည်း တက်နိုင်သည့်ဘက်မှ ပါဝင်​ပေးကြရန် ​မေတ္တာရပ်ခံ

လေးကေ့ကော်ဒေသအတွက် လူသားချင်းစာနာမှု အထောက်အပံ့များ အမြန်ဆုံးရောက်ရှိရန် စီစဥ်နေပြီး ပြည်သူများလည်း တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းသည်။

(မဲ​ဆောက်မြို့​သို့ ​ရောက်ရှိလာ​သော ကရင်တိုင်းရင်းသား စစ်​ဘေး​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

ထို့အပြင် အိမ်နီးချင်းထိုင်းနိုင်ငံအနေ​ဖြင့်လည်း နယ်စပ်ဖြတ်ကျော် ရှောင်တိမ်းလာသည့် ဒေသခံစစ်ဘေးရှောင်များကို လူသားချင်းစာနာသည့်အနေ​ဖြင့် ကူညီပေးရန် အထူးမေတ္တာရပ်ခံထားသည်။

လေးကေ့ကော်ဒေသတွင်သာမက စစ်ကောင်စီတပ်၏ မတရားပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားဒေသခံ ပေါင်းများစွာသည် နေရပ်တိမ်းရှောင်ထွက်ပြေးရင်း စစ်ဘေးသင့်လျက်ရှိနေသည်ဟု ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

Public Service Announcement

Public Service Announcement

(မဲ​ဆောက်မြို့​သို့ ​ရောက်ရှိလာ​သော ကရင်တိုင်းရင်းသား စစ်​ဘေး​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

NUG အစိုးရအနေဖြင့် စစ်ဘေးရှောင်ဒေသခံများ၊ကူညီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသော်လည်း စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်နိုင်မှသာ ယခုကပ်ဘေးများမှ လုံးဝကင်းလွတ်မည်ဟု ပြည်ထောင်စုဝန်ကြီး သုံးသပ်သည်။

“အကြမ်းဖက်စစ်ကောင်စီဟာ ဒေသခံများနေထိုင်ရာ နေရာများကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့မီးလောင်ခဲ့ပြီး ဒေသခံထောင်ချီဟာ စစ်ဘေးရှောင်ဖြစ်ခဲ့ရပါတယ်။နှစ်(၇၀)ကြာ စစ်ဘေးသင့်ဒဏ်ကို ခံစားခဲ့ရတဲ့ ကရင်ပြည်သူများဟာ စစ်အာဏာရှင်ကြောင့် ထပ်မံစစ်ဘေးသင့်ခဲ့ရပြန်တာကို စိတ်နှလုံးကြေကွဲဖွယ်ရာ ဝမ်းနည်းပြီး ကိုယ်ချင်းစာရပါတယ်”ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ် KNU တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်မြို့သစ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များသည် တပ်ရင်းလိုက်ဝင်ရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ရက်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့နောက် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကာ ယ​မန်​နေ့ညပိုင်းက ထိုင်းနိုင်ငံ မဲ​ဆောက်မြို့ဘက်သို့ တိမ်ရှောင်ရသူ ​ထောင်နှင့်ချီရှိခဲ့သည်။

(မဲ​ဆောက်မြို့​သို့ ​ရောက်ရှိလာ​သော ကရင်တိုင်းရင်းသား စစ်​ဘေး​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

အဆိုပါ မဲ​ဆောက်မြို့သို့​ရောက်ရှိ​နေ​သော စစ်​ရှောင်များအတွက် အ​ထောက်အပံ့ပစ္စည်းများ အ​ရေး​ပေါ်လိုအပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။