Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်တိုက်ပွဲ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူ့ဂုဏ်သိက္ခာနှင့်အညီ လက်ခံထား KNU ပြော

KNU ဗဟိုမှ အဖွဲ့ဝင်တစ်ဦးကလည်း ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့များကို အစားအသောက်နှင့် နေရာထိုင်ခင်းများ စီစဉ်ထားသည့် ဓာတ်ပုံများကို တွေ့ရကြောင်း ပြော သည်။

–လေးကေ့ကော်ဒေသ၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဆက်လုပ်နေဟုဆို

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ တိုက်ပွဲ၌ အရှင်ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးကို လူ့ဂုဏ်သိက္ခာနှင့်အညီ လက်ခံထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူ က ပြော သည်။

ဒီဇင်ဘာ ၁၆ရက်က လေးကေ့ကော်မြို့သစ်ဧရိယာ မယ်ထော်သလေး ဒေသ ၌ ဖြစ်ပွားခဲ့သည့် KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိခဲ့ပြီး BGF နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး ဖမ်းဆီးခံခဲ့ရသည်။

အရှင်ဖမ်းမိခဲ့သည့် ခမရ (၂၇၅) မှ တပ်ဖွဲ့ဝင် ၆ဦးနှင့် BGF တပ်မှ ၂ဦး တို့ကို လေးကေ့ကော် အုပ်ချုပ်ရေးအဖွဲ့ထံ လာရောက်အပ်နှံထား၍ နွေးထွေစွာ ကြိုဆိုပြီးအစားအသောက်နှင့် နေရာထိုင်ခင်းများ လုံခြုံစိတ်ချစွာစီစဉ်ပေးထားသည်ဟု လေးကေ့ကော် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ၏ ပြောကြားချက်ကို ကိုးကားပြီး ကရင်သတင်းဌာန KICတွင် ဓာတ်ပုံများနှင့် အတူဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNU ဗဟိုမှ အဖွဲ့ဝင်တစ်ဦးကလည်း ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့များကို အစားအသောက်နှင့် နေရာထိုင်ခင်းများ စီစဉ်ထားသည့် ဓာတ်ပုံများကို တွေ့ရကြောင်း ပြော သည်။

KNU ၏ စစ်သုံ့ပန်းဆိုင်ရာမူဝါဒတွင်လည်း ဖမ်းဆီးရမိသူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းမပြုရန် ဖော်ပြထားကြောင်း ၎င်း ကဆိုသည်။

“စစ်သုံ့ပန်းသဘောသဘာ၀နဲ့အညီ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ ကူညီစောင့်ရှောက်ရမှာပေါ့။ KNU မူကတော့ စစ်သုံ့ပန်းကို သတ်ဖြတ်လို့မရဘူး ကောင်း ကောင်းမွန်မွန်စောင့်ရှောက်ရမယ်။ နောက် နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီပေါ့” ဟု KNU အဖွဲ့ဝင် တစ်ဦးက ပြောသည်။

လေးကေ့ကော်ဒေသ၌ ယနေ့လည်း ပစ်ခတ်မှုများ ရှိသည်ဟု ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။

“ရန်သူ့ဘက်က စစ်တပ်ဘက်က လက်နက်ကြီးပစ်တာ။ လေးကေ့ကော်နဲ့ မနီးမဝေးမှာ အဲဒါလက်နက်ကြီးနဲ့ပစ်တာရှိတယ်” ဟု အဆိုပါ KNU အဖွဲ့ဝင်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၄ရက်တွင် KNU အုပ်ချုပ်ရေးနယ်မြေ လေးကေ့ကော်ဒေသသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လွှတ်တော်အမတ်အပါအဝင် လေးကေ့ကော် ဒေသ၌ ခိုလှုံနေသူများကို ဖမ်းဆီးခဲ့ရာ KNUနှင့် စစ်ရေးတင်းမာမှု ဖြစ်ပြီး ဒီဇင်ဘာ ၁၅ရက်တွင် တိုက်ပွဲစတင်ခဲ့သည်။

ဒီဇင်ဘာ ၁၆ရက်တွင်လည်း တိုက်ပွဲဆက်ဖြစ်ခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံထားရသူများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။