Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU၏ လုပ်ငန်းစဉ်များ ပါဝင်ကူညီရန် ဘီလင်းနယ်ရှိ ရွာ ၅၀ကျော်တွင် ကရင်လူငယ်အစည်းအရုံးများဖွဲ့စည်း

သထုံခရိုင်-ကရင်လူငယ်အစည်းရုံး (KYO)မှ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅၃ရွာတွင် KYO အဖွဲ့ ဖွဲ့စည်းရန် ကွင်းဆင်းစည်းရုံး ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KYO

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လမ်းစဉ်၊ လုပ်ငန်းစဉ်များကို တက်စွမ်းသည့်ဘက်မှ တစ်တပ် တစ်အား ပါဝင်ကူညီနိုင်ရန် ဘီးလင်းမြို့နယ်ရှိ ကျေးရွာ ၅၃ရွာတွင် ကရင်လူငယ်အစည်းအရုံး(KYO) ကို ဖွဲ့စည်းခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်သည်။

သထုံခရိုင်-ကရင်လူငယ်အစည်းရုံး (KYO)မှ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅၃ရွာတွင် KYO အဖွဲ့ ဖွဲ့စည်းရန် ကွင်းဆင်းစည်းရုံး ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

သထုံခရိုင် ကရင်လူငယ်အစည်းအရုံး ခရိုင်အဆင့်နှင့် ဘီးလင်းမြို့နယ်-KYOတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ရာ ၅၃ရွာ၌ KYO ဖွဲ့စည်းမှုကို အောက်တိုဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၅၂ရက်အတွင်း ဆောင်ရွက်ခဲ့​ကြောင်း ဖော်ပြထားသည်။

ကျေးရွာအဆင့် (KYO)ဖွဲ့စည်းပေးခြင်းအပြင် ကျေးရွာလူထုအား ကရင့်သမိုင်း၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ လမ်းစဥ်၊ လုပ်ငန်းစဥ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် KYO လမ်းစဥ်၊ လုပ်ငန်းစဥ်၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေတို့ကိုလည်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNU သထုံခရိုင်သည် KNU တပ်မဟာ(၁)နယ်မြေဖြစ်ပြီး လတ်တလောတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။