Connect with us

Hi, what are you looking for?

News

KNU၏ လုပ်ငန်းစဉ်များ ပါဝင်ကူညီရန် ဘီလင်းနယ်ရှိ ရွာ ၅၀ကျော်တွင် ကရင်လူငယ်အစည်းအရုံးများဖွဲ့စည်း

သထုံခရိုင်-ကရင်လူငယ်အစည်းရုံး (KYO)မှ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅၃ရွာတွင် KYO အဖွဲ့ ဖွဲ့စည်းရန် ကွင်းဆင်းစည်းရုံး ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KYO

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လမ်းစဉ်၊ လုပ်ငန်းစဉ်များကို တက်စွမ်းသည့်ဘက်မှ တစ်တပ် တစ်အား ပါဝင်ကူညီနိုင်ရန် ဘီးလင်းမြို့နယ်ရှိ ကျေးရွာ ၅၃ရွာတွင် ကရင်လူငယ်အစည်းအရုံး(KYO) ကို ဖွဲ့စည်းခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်သည်။

သထုံခရိုင်-ကရင်လူငယ်အစည်းရုံး (KYO)မှ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅၃ရွာတွင် KYO အဖွဲ့ ဖွဲ့စည်းရန် ကွင်းဆင်းစည်းရုံး ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

သထုံခရိုင် ကရင်လူငယ်အစည်းအရုံး ခရိုင်အဆင့်နှင့် ဘီးလင်းမြို့နယ်-KYOတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ရာ ၅၃ရွာ၌ KYO ဖွဲ့စည်းမှုကို အောက်တိုဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၅၂ရက်အတွင်း ဆောင်ရွက်ခဲ့​ကြောင်း ဖော်ပြထားသည်။

ကျေးရွာအဆင့် (KYO)ဖွဲ့စည်းပေးခြင်းအပြင် ကျေးရွာလူထုအား ကရင့်သမိုင်း၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ လမ်းစဥ်၊ လုပ်ငန်းစဥ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် KYO လမ်းစဥ်၊ လုပ်ငန်းစဥ်၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေတို့ကိုလည်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNU သထုံခရိုင်သည် KNU တပ်မဟာ(၁)နယ်မြေဖြစ်ပြီး လတ်တလောတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook