Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံကနေရပ်စွန့်ခွာတိမ်းရှောင်လာရသူတွေကိုလက်ခံထားဖို့နဲ့နေရပ်ပြန်မပို့ဖို့ အိမ်နီးချင်းနိုင်ငံတွေကိုတိုက်တွန်း

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာတင်နေရပ်စွန့်ခွာကြရသူဦးရေဟာ သုံးသိန်းရှစ်သောင်းကျော်ရှိနေတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို တိမ်းရှောင်လာရသူတွေကိုတွေ့ရစဉ် (Photo - Mae Sot Media)

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီး ညှင်းပန်းနှိပ်စက်မှုဒဏ်ကနေ လွတ်မြောက်အောင် ထွက်ပြေးတိမ်းရှောင်လာရသူတွေကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လက်ခံပေးထားဖို့နဲ့ အတင်းအကြပ် ပြန်လည်နှင်ထုတ်တာတွေ မလုပ်ဖို့ မဲခေါင်ရွှေ့ပြောင်းသွားလာရေးကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့် ပြည်တော်ပြန်လာမယ့်သူတွေ တစ်ဦးတစ်ယောက်မှ လုံခြုံမှုကို အာမခံချက်မရှိတဲ့အတွက် မြန်မာနိုင်ငံက တိမ်းရှောင်လာရသူတွေကို နေရပ်ပြန်မပို့ရေးမူကျင့်သုံးရမယ်လို့ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေကို အဲဒီကွန်ရက်က တိုက်တွန်းထားတာပါ။

ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို တိမ်းရှောင်လာရသူတွေကိုတွေ့ရစဉ် (Photo – Mae Sot Media)

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသူတွေကိုအကာအကွယ်ပေးဖို့ ၊ တတိယနိုင်ငံကိုပြန်လည်နေရာချဖို့အတွက် ပံ့ပိုးကူညီပေးကြဖို့ကိုလည်း ပြောထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လည်းအရေးပေါ်နေထိုင်တဲ့နေရာတွေ ၊ စားနပ်ရိက္ခာတွေ ၊ ဆေးဝါးကုသမှုတွေ အတွက် ငွေကြေးပံ့ပိုးတာ ၊ လိုအပ်တဲ့အထောက်အပံ့တွေပေးကြဖို့ကိုလည်းအကြံပြုထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာတင်နေရပ်စွန့်ခွာကြရသူဦးရေဟာ သုံးသိန်းရှစ်သောင်းကျော်ရှိနေတယ်လို့သိရပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး တိမ်းရှောင်ရသူအရေအတွက်ကိုတော့အတိအကျ မသိရသေးပါဘူး။

လက်ရှိအချိန်မှာလည်း ကရင်ပြည်နယ် ၊နယ်စပ်မြို့ လေးကေကော်မြို့သစ်မှာ ဖြစ်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထိုင်းနိုင်ငံဘက်ကို အများအပြားထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။