Connect with us

Hi, what are you looking for?

News

အကျဉ်းထောင်တွေကိုလေ့လာဖို့ ICRC ကို စစ်ကောင်စီ ခွင့်ပြုချက်မပေးသေး

ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ ICRC ရဲ့ထုတ်ပြန်ချက်မှာ ကိုဗစ်ကြောင့် အကျဉ်းထောင်တွေကို သွားရောက်လေ့လာမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လကစတင်ပြီး ရပ်နားခဲ့ရတယ်လို့သိရပါတယ်။

ဓာတ်ပုံ − Zeyar Lwin FB အင်းစိန်ထောင်တွင်းတစ်နေရာ

အကျဉ်းထောင်တွေကိုသွားရောက်လေ့လာဖို့အတွက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပေမယ့် ခွင့်ပြုချက်မရသေးကြောင်း မြန်မာနိုင်ငံမှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC ) သတင်းထုတ်ပြန်ပြီးအသိပေးလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်က ထောင်တွင်းမှာ အသံတိတ်သပိတ်ကို ဆင်နွှဲခဲ့သူ ၈၉ ဦး အပြင်းအထန်ရိုက်နှက်ခံရပြီး ဆေးဝါးကုသခွင့်မပေးဘဲ တိုက်ပိတ်ထားတဲ့ဖြစ်စဉ်ကို ICRC အနေနဲ့ အမြန်ဆုံးသွားရောက်စုံစမ်းပေးဖို တောင်းဆိုမှုတွေရှိလာချိန် မှာ ICRC က ထုတ်ပြန်လာတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ ICRC ရဲ့ထုတ်ပြန်ချက်မှာ ကိုဗစ်ကြောင့် အကျဉ်းထောင်တွေကို သွားရောက်လေ့လာမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လကစတင်ပြီး ရပ်နားခဲ့ရတယ်လို့သိရပါတယ်။

အဲဒီနောက် အကျဉ်းထောင်တွေကိုပြန်လည်ဝင်ရောက်လေ့လာဖို့ တာဝန်ရှိသူအဆင့်ဆင့်နဲ့ အကြိမ်ကြိမ် ဆွေးနွေးတာတွေလုပ်ခဲ့ပေမယ့် စတင်ဖို့ခွင့်ပြုချက် မရသေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ICRC အနေနဲ့ နိုင်ငံတဝှမ်းက ရုံးခွဲတွေကိုလာရောက်အကူအညီတောင်းခံသူ တွေကို ကူညီပေးနေပြီး မိသားစု ၈၅၀ ကျော်ကို သူတို့ရဲ့သက်ဆိုင်သူတွေ ထိန်းသိမ်းခံထားရာ နေရာတွေကိုသိနိုင်အောင် ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ က အင်းစိန်ထောင်မှာ အသံတိတ်သပိတ်ဆင်နွှဲသူ ၈၉ ဦးကို ထောင်အာဏာပိုင်တွေဟာအပြင်းအထန်ရိုက်နှက်ခဲ့ပြီး ဆေးဝါးကုသခွင့်မပေးဘဲ လက်ရှိအချိန်ထိ တိုက်ပိတ်ထားတယ်လို့သိရပါတယ်။

ရိုက်နှက်ခံရသူတွေဟာ ဆေးဝါးကုသမှုလိုအပ်နေပြီး စိုးရိမ်ရသူတွေရှိတယ်လို့ ရှေ့နေတွေက ပြောထားကြပါတယ်။

ဒါအပြင် ဒီလို ဆန္ဒပြသူတွေကို အကျဉ်းထောင်ဥပဒေနဲ့ အမှုထပ်တိုးဖို့ စီစဉ်နေတာလည်းကြားသိရတယ်လို့ ရှေ့နေတွေက ဆိုကြပါတယ်။

ဒါကြောင့်အကျဉ်းထောင်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးစုံစမ်းဖော်ထုတ်နိုင်ဖို့ ICRC အဖွဲ့ကြီးအနေနဲ့ထောင်ထဲကိုအမြန်ဆုံးသွားရောက်ပေးဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။