Connect with us

Hi, what are you looking for?

News

မန္တလေးတွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ယမန်နေ့ကလည်း ကုမ္ပဏီရုံးခန်းတစ်ခုတွင် ဓားပြတိုက်မှုဖြစ်

“လမ်း ၈၀၊ လမ်း ၃၀ လောက်မှာတော့ လမ်းပိတ် ကြိတ်ကြိတ်တိုးနေတာ တွေ့ခဲ့တယ်။ ခုပဲ ရှောင်ကွင်းမောင်းပြီး ပြန်လာတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်အား ယနေ့(ဒီဇင်ဘာ ၁၈)ညနေပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ ဝိန့်လီရွှေဆိုင်အား လက်နက်ကိုင်ဆောင်ထားသူအချို့က သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“လမ်း ၈၀၊ လမ်း ၃၀ လောက်မှာတော့ လမ်းပိတ် ကြိတ်ကြိတ်တိုးနေတာ တွေ့ခဲ့တယ်။ ခုပဲ ရှောင်ကွင်းမောင်းပြီး ပြန်လာတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရွှေဆိုင်ဓားပြတိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ရွှေဆိုင်အနီးဝန်ကျင်လမ်းများကိုပိတ်ဆို့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့(ဒီဇင်ဘာ ၁၇)ညနေပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်ရှိ မဂ်လာမန္တ လေးအိမ်ရာအတွင်း ဓားပြတိုက်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း မန္တလေးမြို့ခံများက ပြော သည်။

“ဟုတ်တယ်။ မနေ့က မဂ်လာမန္တလေးမှာဖြစ်တဲ့ ဓားပြမှုက သံသယရှိသူတွေကို ဖမ်းမိထားတယ်လည်း ကြားမိတယ်။ အတိအကျတော့ မသိဘူး”ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

မဂ်လာမန္တလေးအိမ်ရာဓားပြတိုက်မှုတွင် လက်နက်အတု (ကော်သေနတ်)များ ကိုင်ဆောင်ထားသည့် အမျိုးသားအချို့က အိမ်ရာ၏မြေ ညီထပ်၌ဖွင့်ထားသော ကုမ္ပဏီရုံးခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီရုံးခန်းစီးနင်းခံရမှုတွင် ကျပ်သိန်း ၃,၀၀၀ ကျော်ပါသွားသည်ဟု ကြားသိရသော်လည်း People’s Spring က သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။

ကုမ္ပဏီရုံးခန်းဓားပြတိုက်ခံရမှုတွင် အသုံးပြုခဲ့သော အိမ်စီးကားတစ်စီးကို ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်ရဲများက ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းကားပေါ်တွင် ကော်သေနတ်နှင့် ငွေစက္ကူအချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသအ​ခြေစိုက် Mandalay Free Press – MFP သတင်းဌာနက ဖော်ပြထားသည်။

ထို့ကြောင့် ဓားပြတိုက်ရာတွင်အသုံးပြုသည့် ကားအားရှာဖွေတွေ့ရှိခဲ့သည့် အောင်မြင်သူကုမ္ပဏီပိုင် အုန်အင်း (ကျူး)ခြံမှ ခြံစောင့်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း MFP သတင်းတွင် ဖော်ပြထားသည်။

ယနေ့ညနေပိုင်းကဖြစ်ပွားသော မန္တ​လေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရမှုနှင့်စပ်လျဥ်းပြီး ငွေကြေးဆုံးရှုံးမှုပမာဏ မည်မျှရှိခဲ့သည်ကို အတိအကျ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook