Connect with us

Hi, what are you looking for?

News

ကနီနယ် ချင်းတွင်းမြစ်ကြောင်းတိုက်ခိုက်မှု PDF ရဲဘော်နှစ်ဦးကျဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

ထိတွေ့တိုက်ပွဲများအနက် ဒီဇင်ဘာ ၁၅ရက်က ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်မှ ရဲဘော်တစ်ဦးသည် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံရပြီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု KLGPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ကနီနယ်ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲမှ ကျဆုံး PDF တပ်ဖွဲ့ဝင်တစ်ဦး)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲများတွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLGPDF)က ယနေ့ (ဒီဇင်ဘာ၁၉) ထုတ်ပြန်သည်။

ထို့အပြင် အဆိုပါထိတွေ့တိုက်ပွဲများအတွင် မဟာမိတ်တပ်ဖွဲ့ဝင် ရဲဘော်ခုနစ်ဦးထိခိုက်ဒဏ် ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်မှုမရှိကြောင်း KLGPDF က အတည်ပြသည်။

ထိတွေ့တိုက်ပွဲများအနက် ဒီဇင်ဘာ ၁၅ရက်က ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်မှ ရဲဘော်တစ်ဦးသည် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံရပြီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု KLGPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရဲဘော်သုံးယောက်သွားတာမှာ သူတစ်ယောက် တည်း ကြားပိတ်ကျန်နေခဲ့တာဗျ။ ကျွန်တော်တို့ ၃ ရက်ကြာတော့မှ အဲဒီကိုပြန်လှည့်ရှာတာမှာ (ရုပ်အလောင်း)ပြန်တွေ့တာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်သည် ယင်းမာပင် အာဠာဝကဂလုန်တပ်မှတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အ၎င်း၏ ရုပ်အ လောင်းအား အဖမ်းခံရပြီး ၃ရက်အကြာ ဒီဇင်ဘာ ၁၇ တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလားတူ ယမန်နေ့(ဒီဇင်ဘာ ၁၈)ကလည်း ကနီနယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် သပြေတောကျေးရွာအကျော်တွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး ခုနစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်ဟု KLGPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်ရဲ့ ရေယာဥ်တန်းကို တိုက်ခိုက်တဲ့တိုက်ပွဲတွေက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာ နေ့တိုင်းဖြစ်နေတယ်။ ဒီနေ့(ဒီဇင် ဘာ ၁၉)လည်း ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့တိုက်ပွဲတွင် ကျဆုံးခဲ့သည့်ရဲဘော်မှာ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLGPDF)အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကျဆုံးရဲဘော်နှစ်ဦးစလုံးကို ကောင်းမွန်စွာသဂြိုလ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်အထက်ပိုင်းမှနေ၍ ကျောက်စိမ်းများတင်ဆောင်လာသည်ဟု ယူဆရသော စစ်ကောင်စီတပ်၏ စစ်ရေယာဥ် ၁၁ စီးသည် ယနေ့တွင် ကနီနယ်မှထွက်ကာ ယင်းမာပင်နယ်အတွင်း ရောက်ရှိလာပြီဖြစ်သည်။

“ကျွန်တော်တို့ အခုလက်ရှိတိုက်နေရတဲ့အနေ အထားက အင်အားဘယ်လိုမှ မမျှဘူး။ အဓိကကတော့ လက်နက်ခဲယမ်းပေါ့။ ကိုယ့်ကိုယ်ပိုင်ရံပုံငွေနဲ့ပဲ ဝယ်ယူနေရတာ။ ထောက်ပံ့တာ တစ်ခုမှမရှိသေးဘူး”ဟု KLGPDF မှ တာဝန်ရှိသူက ဆိုသည်။

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်များအား တိုက်ခိုက်ခြင်းကို ဒေသတွင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များဖြစ်သော KLGPDF ၊ MPDF ၊ Golden Triangle Forces ၊ M&K The Boys ၊ CHU PDF ၊ PDA Yinmarbin ၊ KPDF1 နှင့် DRPA အစရှိသော ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်​​ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။