Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆက်သွယ်ရေးစကားပြောစက်တွေ့လို့ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့အမှု ဒီနေ့အမိန့်ချမယ်

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် အမှုပေါင်း ၁၂ မှုနဲ့စွဲဆိုထားတာဖြစ်ပါတယ်။

ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့အမှု ၂ မှု အတွက် ဒီနေ့မှာ အမိန့်ချဖို့ရှိတယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော်က နေအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရှာရာမှာ တရားမဝင်ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်လို့စွပ်စွဲကာ တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုတွေကတော့ ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတဲ့ လိုင်စင်မရှိတဲ့စက်သွယ်ရေးပစ္စည်းလက်ဝယ်ကိုင်ဆောင်မှု ၊ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ တရားမဝင်ပစ္စည်းတင်သွင်းမှု ပုဒ်မတွေနဲ့စွဲဆိုထားတာပါ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် အမှုပေါင်း ၁၂ မှုနဲ့စွဲဆိုထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမှုတွေထဲက ဆူပူအောင်လှုံ့ဆော်မှု ၊ ကိုဗစ်စည်းကမ်း ချိုးဖောက်မှုတွေနဲ့စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်ရုံးချိန်းမှာ ထောင်ဒဏ် ၄ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ တိုက်ပွဲတွင် တပ်မ ၁၁ လက်အောက်ခံ အင်းတိုင်ဆက်သွယ်ရေးတပ်မှ အရာရှိ အပါအဝင် ၄၀ ထက်မနည်း သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။