Connect with us

Hi, what are you looking for?

News

ဆက်သွယ်ရေးစကားပြောစက်တွေ့လို့ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့အမှု ဒီနေ့အမိန့်ချမယ်

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် အမှုပေါင်း ၁၂ မှုနဲ့စွဲဆိုထားတာဖြစ်ပါတယ်။

ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့အမှု ၂ မှု အတွက် ဒီနေ့မှာ အမိန့်ချဖို့ရှိတယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော်က နေအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရှာရာမှာ တရားမဝင်ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်လို့စွပ်စွဲကာ တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုတွေကတော့ ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတဲ့ လိုင်စင်မရှိတဲ့စက်သွယ်ရေးပစ္စည်းလက်ဝယ်ကိုင်ဆောင်မှု ၊ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ တရားမဝင်ပစ္စည်းတင်သွင်းမှု ပုဒ်မတွေနဲ့စွဲဆိုထားတာပါ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် အမှုပေါင်း ၁၂ မှုနဲ့စွဲဆိုထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမှုတွေထဲက ဆူပူအောင်လှုံ့ဆော်မှု ၊ ကိုဗစ်စည်းကမ်း ချိုးဖောက်မှုတွေနဲ့စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်ရုံးချိန်းမှာ ထောင်ဒဏ် ၄ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။