Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်းနှင့် အပြစ်မဲ့ပြည်သူများအပေါ် ဥပဒေနှင့်မညီအမိန့်ချမှတ်နေသည့် တရားသူကြီးများကို တရားစွဲဆိုသွားမည်ဟု NUG ကြေညာ

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဆောင်ရွက်နေသည့် ဝန်ထမ်းများအပေါ် ဖိနှိပ် အရေးယူခြင်းများ နှင့် အပြစ်မဲ့ ပြည်သူများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော အမိန့်များချမှတ်နေသည့် တရားသူကြီးများကို တရားစွဲ ဆိုဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။

(စစ်တပ်အာဏာသိမ်းမှု​ကြောင့် ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို ​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်)

-အမြဲတမ်းအတွင်းဝန်အပါအဝင် အရာရှိ ၃၂ ဦးကို ဝန်ထမ်းမှထုတ်ပယ်ပြီး အမည်ပျက်စာရင်းသွင်း

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဆောင်ရွက်နေသည့် ဝန်ထမ်းများအပေါ် ဖိနှိပ် အရေးယူခြင်းများ နှင့် အပြစ်မဲ့ ပြည်သူများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော အမိန့်များချမှတ်နေသည့် တရားသူကြီးများကို တရားစွဲ ဆိုဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများ၊ တရားရေးအရာရှိများ အပါအဝင် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းမှာ စစ်အာဏာသိမ်းမှုကို အားပေးကူညီသည့်ပြစ်မှု ကျူးလွန်နေခြင်းဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာန၏ ယနေ့(ဒီဇင်ဘာ ၂၀ရက်)ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖေဖော်ဝါရီ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ရပ်သည် ဥပဒေနှင့်ညီညွတ်ခြင်း လုံးဝမရှိသည်ကို တရားသူကြီးများက အသိဆုံးဖြစ်ပြီး ယခုကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာမဲ့စွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းမှာ တရားသူကြီးများထားရှိရမည့် ကျင့်ဝတ်သိက္ခာများကို ဖောက်ဖျက်ကျူးလွန်သည့် အကျင့်ပျက်တရားသူကြီးများအဖြစ် သမိုင်းမှတ်တမ်းတင် ကျန်ရစ်နေမည်ဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာနက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် NUG တရားရေးဝန်ကြီးဌာနသည် မတရားဖမ်းဆီးခံထားရသည့် ပြည်သူများ၏အမှုများအပေါ် တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် အဓိကတာဝန်အရှိဆုံးဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်အပါအဝင် အရာရှိ ၃၂ ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်ပြီး ပြည်သူ့သစ္စာဖောက်ဝန်ထမ်းများအဖြစ် အမည်ပျက်စာရင်းသတ်မှတ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။