Connect with us

Hi, what are you looking for?

News

CDM ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်းနှင့် အပြစ်မဲ့ပြည်သူများအပေါ် ဥပဒေနှင့်မညီအမိန့်ချမှတ်နေသည့် တရားသူကြီးများကို တရားစွဲဆိုသွားမည်ဟု NUG ကြေညာ

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဆောင်ရွက်နေသည့် ဝန်ထမ်းများအပေါ် ဖိနှိပ် အရေးယူခြင်းများ နှင့် အပြစ်မဲ့ ပြည်သူများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော အမိန့်များချမှတ်နေသည့် တရားသူကြီးများကို တရားစွဲ ဆိုဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။

(စစ်တပ်အာဏာသိမ်းမှု​ကြောင့် ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို ​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်)

-အမြဲတမ်းအတွင်းဝန်အပါအဝင် အရာရှိ ၃၂ ဦးကို ဝန်ထမ်းမှထုတ်ပယ်ပြီး အမည်ပျက်စာရင်းသွင်း

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဆောင်ရွက်နေသည့် ဝန်ထမ်းများအပေါ် ဖိနှိပ် အရေးယူခြင်းများ နှင့် အပြစ်မဲ့ ပြည်သူများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော အမိန့်များချမှတ်နေသည့် တရားသူကြီးများကို တရားစွဲ ဆိုဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများ၊ တရားရေးအရာရှိများ အပါအဝင် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းမှာ စစ်အာဏာသိမ်းမှုကို အားပေးကူညီသည့်ပြစ်မှု ကျူးလွန်နေခြင်းဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာန၏ ယနေ့(ဒီဇင်ဘာ ၂၀ရက်)ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖေဖော်ဝါရီ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ရပ်သည် ဥပဒေနှင့်ညီညွတ်ခြင်း လုံးဝမရှိသည်ကို တရားသူကြီးများက အသိဆုံးဖြစ်ပြီး ယခုကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာမဲ့စွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းမှာ တရားသူကြီးများထားရှိရမည့် ကျင့်ဝတ်သိက္ခာများကို ဖောက်ဖျက်ကျူးလွန်သည့် အကျင့်ပျက်တရားသူကြီးများအဖြစ် သမိုင်းမှတ်တမ်းတင် ကျန်ရစ်နေမည်ဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာနက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် NUG တရားရေးဝန်ကြီးဌာနသည် မတရားဖမ်းဆီးခံထားရသည့် ပြည်သူများ၏အမှုများအပေါ် တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် အဓိကတာဝန်အရှိဆုံးဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်အပါအဝင် အရာရှိ ၃၂ ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်ပြီး ပြည်သူ့သစ္စာဖောက်ဝန်ထမ်းများအဖြစ် အမည်ပျက်စာရင်းသတ်မှတ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။