Connect with us

Hi, what are you looking for?

LuduNwayOo

News

အမှု ၂ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုအမိန့်ချမယ့်ရက် ရွှေ့ဆိုင်း

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော်က နေအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရှာရာမှာ တရားမဝင်ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်လို့စွပ်စွဲကာ တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

ဒီနေ့ မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၂ မှုအတွက် အပြီးသတ်အမိန့်ချ ဖို့ရှိပေမယ့် အမိန့်ချမယ့်ရက်ကို တရားသူကြီးကရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။

ကနဦးက ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေ ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ စွဲဆိုထားတဲ့အမှု ၂ မှုကို အမိန့်ချဖို့စီစဉ်ထားတာဖြစ်ပေမယ့် ဒီဇင်ဘာလ ၂၇ ရက်ကိုရွှေ့ဆိုင်းလိုက်တာပါ။

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော်က နေအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရှာရာမှာ တရားမဝင်ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်လို့စွပ်စွဲကာ တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုတွေကတော့ ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတဲ့ လိုင်စင်မရှိတဲ့စက်သွယ်ရေးပစ္စည်းလက်ဝယ်ကိုင်ဆောင်မှု ၊ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ တရားမဝင်ပစ္စည်းတင်သွင်းမှု ပုဒ်မတွေနဲ့စွဲဆိုထားတာပါ။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် အမှုပေါင်း ၁၂ မှုနဲ့စွဲဆိုထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမှုတွေထဲက ဆူပူအောင်လှုံ့ဆော်မှု ၊ ကိုဗစ်စည်းကမ်း ချိုးဖောက်မှုတွေနဲ့စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်ရုံးချိန်းမှာ ထောင်ဒဏ် ၄ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။