Connect with us

Hi, what are you looking for?

News

အမှု ၂ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုအမိန့်ချမယ့်ရက် ရွှေ့ဆိုင်း

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော်က နေအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရှာရာမှာ တရားမဝင်ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်လို့စွပ်စွဲကာ တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

ဒီနေ့ မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၂ မှုအတွက် အပြီးသတ်အမိန့်ချ ဖို့ရှိပေမယ့် အမိန့်ချမယ့်ရက်ကို တရားသူကြီးကရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။

ကနဦးက ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေ ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ စွဲဆိုထားတဲ့အမှု ၂ မှုကို အမိန့်ချဖို့စီစဉ်ထားတာဖြစ်ပေမယ့် ဒီဇင်ဘာလ ၂၇ ရက်ကိုရွှေ့ဆိုင်းလိုက်တာပါ။

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေပြည်တော်က နေအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရှာရာမှာ တရားမဝင်ဆက်သွယ်ရေးစကားပြောစက်တွေ တွေ့တယ်လို့စွပ်စွဲကာ တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

အဲဒီအမှုတွေကတော့ ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတဲ့ လိုင်စင်မရှိတဲ့စက်သွယ်ရေးပစ္စည်းလက်ဝယ်ကိုင်ဆောင်မှု ၊ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ တရားမဝင်ပစ္စည်းတင်သွင်းမှု ပုဒ်မတွေနဲ့စွဲဆိုထားတာပါ။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် အမှုပေါင်း ၁၂ မှုနဲ့စွဲဆိုထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမှုတွေထဲက ဆူပူအောင်လှုံ့ဆော်မှု ၊ ကိုဗစ်စည်းကမ်း ချိုးဖောက်မှုတွေနဲ့စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်ရုံးချိန်းမှာ ထောင်ဒဏ် ၄ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။