Connect with us

Hi, what are you looking for?

News

မြောင်နယ်မှ ကျဆုံးနွေဦးစစ်သည်နှစ်ဦး၏ စျာပန

အထက်ပါ စျာပနအခမ်းအနားသို့ မြောင်ဒသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကျဆုံးနွေဦးစစ်သည်တော်နှစ်ဦး၏ စျာပန အခမ်းအနားနှင့် မိသားစုဝင်များအားထောက်ပံ့ငွေပေးအပ်ခြင်းများပြုလုပ်ပေးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့် လုံခြုံ ရေးတပ်ဖွဲ့(CDSOM)က ယနေ့(ဒီဇင်ဘာ ၂၁)ထုတ်ပြန်သည်။

သနပ်ကုန်းကျေးရွာမှ ကျေးရွာလုံခြုံရေးအဖွဲ့ဝင် ကိုမျိုးဝင်အောင်(၃၀)နှစ်နှင့် ရန်နိုင်ထွန်း(၃၆)နှစ်တို့၏ ဇာပနအခမ်းအနားပြုလုပ်ခြင်းနှင့်အတူ ကျန်ရစ်သူမိသားစုများအား ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အာဇာနည်တို့ မြင်မြတ်တဲ့ဘုံဘဝမှာ အေးချမ်းပါစေ။ လုံခြုံပါစေ။ နှောင်ကြိုးတွေဖြတ်ပြီးလွတ်မြောက်ရာမှာရှင်သန်ပါစေ”ဟု နွေဦးစစ်သည်တော်များအတွက် CDSOM က ဆုတောင်းထားသည်။

ထို့အပြင် CDSOM အနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း နွေဦးစစ်သည်တော်နှစ်ဦး၏ စျာပနအခမ်းအနားတွင် ကတိသစ္စာပြုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စျာပနအခမ်းအနားသို့ မြောင်ဒသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။