Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ်တွင် လှည့်ကင်းလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီဘက်မှ နှစ်ဦးသေ

အရာတော်မြောက်နယ် နောင်ကြီးအိုင်ကျေးရွာ အုပ်စုအတွင်း လှည့်ကင်းလာသော စစ်ကောင်စီတပ် ခြေလျင်တပ်စိပ်တစ်ခုကို ယနေ့နံနက်ပိုင်းက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

အရာတော်မြို့နယ် မြောက်ပိုင်းတွင် လှည့်ကင်းလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု(ARA)မှ ယနေ့(ဒီဇင်ဘာ ၂၁) ထုတ်ပြန်သည်။

အရာတော်မြောက်နယ် နောင်ကြီးအိုင်ကျေးရွာ အုပ်စုအတွင်း လှည့်ကင်းလာသော စစ်ကောင်စီတပ် ခြေလျင်တပ်စိပ်တစ်ခုကို ယနေ့နံနက်ပိုင်းက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“နေရာတင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သား နှစ်ယောက်နှင့် ဒဏ်ရာပြင်းထန်သူများကို ခွေးဘီလူးကားနှင့်လာတင်သွားပြီး အရာတော်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြသည်”ဟု ARA က ဆိုသည်။

အထက်ပါ အကြမ်းဖက်စစ်ကောင်စီ၏ လှည့်ကင်းတပ်စိပ်အား တိုက်ခိုက်မှုကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု(ARA)မှ ဗိုလ်မိုးသီးတပ်ဖွဲ့နှင့် ဗိုလ်တထောင်တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။