Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအရာရှိတွေကို လေ့ကျင့်သင်တန်းပေးတဲ့ အစီအစဉ်ကို ချက်ချင်းဆိုင်းငံ့ဖို့ ဂျပန်အစိုးရကို HRW တောင်းဆို

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ချက်ချက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီဟာ စစ်ကောင်စီအရာရှိ ၈ ဦးကို လက်ခံခဲ့တယ်လို့ HRW က ဆိုထားပါတယ်။

ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ဖြတ်တောက်သင့်ပြီး စစ်ကောင်စီအရာရှိတွေကို လေ့ကျင့်သင်တန်းပေးတာတွေကို ချက်ချင်းရပ်ဆိုင်းသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောလိုက်ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ချက်ချက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီဟာ စစ်ကောင်စီအရာရှိ ၈ ဦးကို လက်ခံခဲ့တယ်လို့ HRW က ဆိုထားပါတယ်။

အဲဒီ ၈ ဦးဟာ စစ်မြေပြင်လေ့ကျင့်ခန်းနဲ့လက်နက် လေ့ကျင့်ခန်းတွေမှာ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျုးလွန်နေချိန်မှာ စစ်ကောင်စီအရာရှိတွေကို လေ့ကျင့်သင်တန်းပေးတာကို ဂျပန်အစိုးရအနေနဲ့ ချက်ချင်းရပ်ဆိုင်းသင့်တယ်လို့ HRW ရဲ့ ဒီဇင်ဘာလ ၂၀ ရက် ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ ရွေးကောက်ခံခေါင်းဆောင်တွေကိုချက်ချင်းပြန်လွှတ်ပေးဖို့ ၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ကို ဂျပန်အစိုးရဟာ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းခဲ့တာရှိပါတယ်။

ဒါအပြင်စစ်အာဏာသိမ်းမှုကို မထောက်ခံကြောင်းပြသတဲ့အနေနဲ့ ဂျပန်က မြန်မာနိုင်ငံကိုပေးအပ်တဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

Photo – AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။