Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအရာရှိတွေကို လေ့ကျင့်သင်တန်းပေးတဲ့ အစီအစဉ်ကို ချက်ချင်းဆိုင်းငံ့ဖို့ ဂျပန်အစိုးရကို HRW တောင်းဆို

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ချက်ချက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီဟာ စစ်ကောင်စီအရာရှိ ၈ ဦးကို လက်ခံခဲ့တယ်လို့ HRW က ဆိုထားပါတယ်။

ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ဖြတ်တောက်သင့်ပြီး စစ်ကောင်စီအရာရှိတွေကို လေ့ကျင့်သင်တန်းပေးတာတွေကို ချက်ချင်းရပ်ဆိုင်းသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောလိုက်ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ချက်ချက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီဟာ စစ်ကောင်စီအရာရှိ ၈ ဦးကို လက်ခံခဲ့တယ်လို့ HRW က ဆိုထားပါတယ်။

အဲဒီ ၈ ဦးဟာ စစ်မြေပြင်လေ့ကျင့်ခန်းနဲ့လက်နက် လေ့ကျင့်ခန်းတွေမှာ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျုးလွန်နေချိန်မှာ စစ်ကောင်စီအရာရှိတွေကို လေ့ကျင့်သင်တန်းပေးတာကို ဂျပန်အစိုးရအနေနဲ့ ချက်ချင်းရပ်ဆိုင်းသင့်တယ်လို့ HRW ရဲ့ ဒီဇင်ဘာလ ၂၀ ရက် ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ ရွေးကောက်ခံခေါင်းဆောင်တွေကိုချက်ချင်းပြန်လွှတ်ပေးဖို့ ၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ကို ဂျပန်အစိုးရဟာ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းခဲ့တာရှိပါတယ်။

ဒါအပြင်စစ်အာဏာသိမ်းမှုကို မထောက်ခံကြောင်းပြသတဲ့အနေနဲ့ ဂျပန်က မြန်မာနိုင်ငံကိုပေးအပ်တဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

Photo – AFP

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။