Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလလုံခြုံရေးကောင်စီဝင်အချို့ စစ်ကောင်စီတပ်ကို လက်နက်ရောင်းချမှု ပါဝင်နေဟု Justice for Myanmar ဖော်ပြ

Altsean Burma က သုံးသပ်ထားသည့် ACLED မှ အချက်အလက်များအရ မြန်မာနိုင်ငံ၌ လက်နက်ကိုင် ထိတွေ့တိုက်ပွဲများနှင့် တိုက်ခိုက်မှုများသည် ၂၀၂၀ နှင့် နှိုင်းယှဉ်ပါက ၆၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာ ကြောင်း ပြသနေသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့သည် အကြမ်းဖက်မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုများတွင် ပါဝင်ပတ်သက်နေကြောင်း Justice for Myanmar က အစီရင်ခံထုတ်ပြန် သည်။

ပြီးခဲ့သည့် မြန်မာလေတပ်နှစ်ပတ်လည်အခမ်းအနားတွင် တပ်တော်ဝင်ခဲ့သော လေယာဉ်များထဲ တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဖြစ်သည့် ပြစ်သစ်၊ ရုရှား၊ တရုတ် တို့မှ ထုတ်လုပ်သည့်လေယာဉ်များပါဝင်နေခြင်းဖြစ်သည်။

“ATR နဲ့ Airbus လေယာဉ် တွေ အကြမ်းဖက်မြန်မာစစ်ကောင်စီလက်ထဲ ဘယ်လိုရောက်ရှိသလဲဆိုတာကို ပြင်သစ်၊ ဒက်ချ်နဲ့ အီတလီအစိုးရတို့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်းလုပ်ဆောင်ရပါမယ်။ ဒီလေယာဉ်တွေကို စစ်တပ်က အရပ်သားပြည်သူတွေကို တိုက်ခိုက်ဖို့၊ ကလေးသူငယ်တွေကို သတ်ဖြတ်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ ဇွန်လနောက်ပိုင်း စစ်တပ်က လေယာဉ်တွေ ဆက်ပြီးဝယ်ယူနေတယ် ဆိုတဲ့အချက်က ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့တာမရှိကြောင်း သတိပေးလှုပ်နှိုးလိုက်တာ ဖြစ်ပါတယ်”ဟု Justice for Myanmar ပြောရေးဆိုခွင့် ရှိသူ မရတနာမောင်က ပြောသည်။

ဆက်လက်ပြီး “ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာကိုင်ထားတဲ့ အမြဲတမ်းအဖွဲ့ဝင်နှစ်နိုင်ငံက အကြမ်းဖက်မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချ နေတယ်ဆိုတဲ့ အချက်ဟာ ကုလသမဂ္ဂအမြင့်ဆုံးအဖွဲ့အစည်းက မြန်မာနိုင်ငံအပေါ် လေးနက်တဲ့ အရေးယူဆောင်ရွက်မှုတွေချမှတ်ဖို့ လုံးဝပျက်ကွက်နေတာ ဘာကြောင့်လဲဆိုတာကို ရှင်းပြပေး လိုက်တာပါပဲ။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့ ကြံရာပါပတ်သက်မှုအပေါ် အရေးယူ ဆောင်ရွက်ချက် တွေ ချမှတ်ရပါလိမ့် မယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Altsean Burma က သုံးသပ်ထားသည့် ACLED မှ အချက်အလက်များအရ မြန်မာနိုင်ငံ၌ လက်နက်ကိုင် ထိတွေ့တိုက်ပွဲများနှင့် တိုက်ခိုက်မှုများသည် ၂၀၂၀ နှင့် နှိုင်းယှဉ်ပါက ၆၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာ ကြောင်း ပြသနေသည်။

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလ ၂၆ ရက်အတွင်း လက်နက်ကိုင် ထိတွေ့တိုက်ပွဲများနှင့် တိုက်ခိုက်မှုများမှာ မြန်မာနိုင်ငံက ယီမင်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံလုံး ထက် များပြားနေသည်ဟု Justice for Myanmar က အစီရင်ခံသည်။

ထို့အတွက် မြန်မာစစ်တပ်ဆီ လက်နက်စီးဆင်းနေခြင်းကို စုံစမ်းစစ်ဆေးမှုနှင့် ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချရေးပိတ်ပင်မှုကို Justice For Myanmar က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။