Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်ကို ကျရောက်

KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေကော်ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်တွေဟာ နယ်စပ်အနီး မြန်မာဘက်ခြမ်းက ကျေးရွာတွေ ဆီ လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတွေ ထွက်ပြေးနေရတာတွေရှိနေပါတယ်။

Photo- KIC

ထိုင်း − မြန်မာနယ်စပ် သေ့ဘောဘိုး စခန်း က စစ်ကောင်စီတပ်တွေ ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ ဒီနေ့မနက်ပိုင်းက ထိုင်းနိုင်ငံဘက်ကို ကျရောက်ခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ် KIC က ထုတ်ပြန်ကြေညာပါတယ်။

Photo- KIC

ဒီလက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရသူရှိ မရှိတော့မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်းနိုင်ငံဘက် ကို ကျည်ကျတာကြောင့် ထိုင်းဘက်က ကန့်ကွက်စာပေးပို့ထားတာရှိပါတယ်။

Photo- KIC

KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေကော်ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်တွေဟာ နယ်စပ်အနီး မြန်မာဘက်ခြမ်းက ကျေးရွာတွေ ဆီ လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတွေ ထွက်ပြေးနေရတာတွေရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook