Connect with us

Hi, what are you looking for?

News

က​လေး-ဂန့်​ဂေါလမ်းကိုယာဥ်များအသုံးမပြုရန် သတိပေး

အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည်ကလေးနှင့် ဂန့်ဂေါမြို့နယ်စပ်တွင် တိုက်ပွဲပြင်းထန်နေ၍ အထက်ပါအတိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့နယ်အတွင်း စစ်ရေးတင်းမာနေ၍ ကလေး-ဂန့်ဂေါ လမ်းမကြီးအား ယခုရက်ပိုင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြပါရန်နှင့် လုံခြုံရေးသတိပြုကြရန် PDF(Kalay)က ယ​နေ့ သတိပေးချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည်ကလေးနှင့် ဂန့်ဂေါမြို့နယ်စပ်တွင် တိုက်ပွဲပြင်းထန်နေ၍ အထက်ပါအတိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ကလေးမြို့နယ်တောင်ပိုင်းတွင် လက်ရှိ စစ်ရေးတင်းမာမှု အခြေအနေများအရ ကလေး-ဂန့်ဂေါ လမ်းမကြီးအား ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြပါရန် ကြိုတင် သတိပေးအပ်ပါသည်။ သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေး အန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုပါသည်”ဟု​ဖော်ပြထားသည်။

ကလေးနှင့် ဂန့်ဂေါမြို့ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို PDF(Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့များ၊ ယောဒေသပြည်သူကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

သတင်း

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃.၄ သန်းလောက်ထိ ရှိရာမှာ ၄၀ ရာခိုင်နှုန်း နီးပါးက အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်ပါတယ်။