Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် စစ်​ကောင်စီတပ်ကို ​ရှေ့​နောက်ညှပ်တိုက်ရာ ၂၂ဦး​သေဟု ဗိုလ်နဂါး​ပြော

“ရှေ့မှာတစ်ဖွဲ့က ကြိုစောင့်ပြီး ပစ်သံပေးတယ်။သူတို့ တိုးဝင်တဲ့အချိန် အနောက်ဘက်ကနေ တက်ပြီး ပိတ်ပစ်တာပေါ့။ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း တော်တော်များတယ်”ဟု ဗိုလ်နဂါးက တိုက်ပွဲဖြစ်စဥ်ကို ရှင်းပြသည်။

▪️​အောင်ပွဲဖြင့်ပြန်လာ​သော ဗိုလ်နဂါးနှင့်အဖွဲ့ကို ​ဒေသခံများ သ​ပြေပန်းဖြင့်ဆိုကြို

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တောင်ပိုင်းရှိ ကံပေါက်နှင့် ညောင်ကုန်း​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်သား ၂၂ ဦး သေဆုံးကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ခေါင်းဆောင် ဗိုလ်နဂါးက လူထုနွေဦးသို့ ပြော သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ခြေလျင်စစ်ကြောင်း ထိုးနေသည့် စစ်ကောင်စီတပ်ကို ရှေ့နောက်ညှပ်၍ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ဆိုသည်။

“ရှေ့မှာတစ်ဖွဲ့က ကြိုစောင့်ပြီး ပစ်သံပေးတယ်။သူတို့ တိုးဝင်တဲ့အချိန် အနောက်ဘက်ကနေ တက်ပြီး ပိတ်ပစ်တာပေါ့။ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း တော်တော်များတယ်”ဟု ဗိုလ်နဂါးက တိုက်ပွဲဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ညှပ်၍ ပစ်ခတ်ခံရသောကြောင့် လေကြောင်းပစ်ကူကိုပါ အသုံးပြုခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း သိရသည်။

ထို့အပြင် အောင်ပွဲနှင့်အတူပြန်လာသည့် PPDF တပ်ဖွဲ့ဝင်များကို ပြည်သူ ၂၀၀၀ကျော်က သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။

ပုလဲမြို့နယ် အတွင်းသို့ စစ်ကောင်စီက ယခုလ ဒုတိယပတ်ကစ၍ အင်အားဖြည့်တင်မှုများစွာရှိနေကြောင်းလည်း PPDF က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဒီဇင်ဘာ ၁၇ ရက်ကစ၍ စစ်ကောင်စီတပ် များ စစ်ကြောင်းထိုးရာ ဒေသတစ်ဝိုက်တွင် ဆွဲမိုင်းများနှင့် တိုက်မိုင်း များအသုံးပြု၍ PPDF က တိုက်ခိုက်မှုများပြုလုပ်ထားပြီး ထိုဖြစ်စဥ်များတွင် စစ်​ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးကြောင်းလည်း PPDF က ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook