Connect with us

Hi, what are you looking for?

News

NLD ရဲ့ ကယားပြည်နယ်ယာယီဝန်ကြီးချုပ် ဦးဘော့စ်ကို ကွယ်လွန်

သူဟာ ဦးအယ်လ်ဖောင်းရှို တာဝန်က ရပ်စဲခံရပြီးနောက် ၂၀၂၀ ခုနှစ် စက်တင်ဘာလ က စတင်ပြီး ကယားပြည်နယ် ယာယီဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရသူပါ။

People's Spring
People's Spring

NLD အစိုးရရဲ့ ကယားပြည်နယ် ယာယီဝန်ကြီးချုပ် ဦးဘော့စ်ကို ဟာ ဒီနေ့မနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ သူရဲ့အသိမိတ်ဆွေတွေကလူမှုကွန်ရက်ကနေအသိပေးထားကြပါတယ်။

ယာယီဝန်ကြီးချုပ်ဦးဘော့စ်ကိုဟာ စစ်တပ်အာဏာသိမ်းချိန်က ထိန်းသိမ်းခံရတဲ့အထဲမှာပါဝင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူလည်းဖြစ်ပါတယ်။

သူဟာ ဦးအယ်လ်ဖောင်းရှို တာဝန်က ရပ်စဲခံရပြီးနောက် ၂၀၂၀ ခုနှစ် စက်တင်ဘာလ က စတင်ပြီး ကယားပြည်နယ် ယာယီဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရသူပါ။

ယာယီဝန်ကြီးချုပ်တာဝန်မထမ်းဆောင်ခင်ကတော့ ကယားပြည်နယ် အစိုးရဖွဲ့မှာ စိုက်ပျိုးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။