Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ဒေသ လေကြောင်းတိုက်ခိုက်မှု ကျဆုံးသူမရှိ၊ စစ်ကောင်စီလက်နက်ကြီးပစ်၍ ရွာသားအချို့ ဒဏ်ရာရ

KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးကလည်းလေကြောင်း တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရသော်လည်း သေဆုံးထိခိုက်မှုမကြားရဟု ပြောသည်။

(ယမန်​နေ့ညက ​လေ​ကြောင်းပစ်မှု​ကြောင့် ​ဒေသခံများ ထိုင်းနိုင်ငံမဲ​ဆောက်မြို့ဘက်သို့ တိမ်း​ရှောင်​နေစဥ်၊ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် ဒေသသို့ စစ်ကောင်စီတပ်က ယမန်နေ့ညတွင် ​လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်း အဆိုပါဒေသရှိ PDF စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးကလည်းလေကြောင်း တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရသော်လည်း သေဆုံးထိခိုက်မှုမကြားရဟု ပြောသည်။

(ယမန်​နေ့ညက ​လေ​ကြောင်းပစ်မှု​ကြောင့် ​ဒေသခံများ ထိုင်းနိုင်ငံမဲ​ဆောက်မြို့ဘက်သို့ တိမ်း​ရှောင်​နေစဥ်၊ ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ)

“တကယ်ထိရင်တော့ ကြားရမှာပေါ့။နယ်စပ်မှာ တိမ်း ရှောင်နေတဲ့လူထုတွေတော့ လေယာဉ်လာပစ်တဲ့အချိန်ထိုင်းဘက်ကို ညဘက်ကူးလာတဲ့သူတွေတော့ရှိတယ်” ဟု ၎င်းက ဆိုသည်။

PDF စခန်းတာဝန်ခံတစ်ဦးကလည်း “မင်းလက်ပံက ပြည်သူအချို့တော့ အနည်းငယ်ထိခိုက်တယ် လို့တော့ ကြားရတယ်။ ဒါပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ပထမဆုံးက လေကြောင်းက အရင်ကြဲတယ်။ ကြဲပြီးမှ နောက်တစ်ခါ လက်နက်ကြီးနဲ့ ထပ်ထုတာ” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင်လည်း လေးကေ့ကော်ဒေသသို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းဝင်ရောက် လာနေသည်ဟု ကြားရ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆိုသည်။

(ယမန်​နေ့ညက ​လေ​ကြောင်းပစ်မှု​ကြောင့် ​ဒေသခံများ ထိုင်းနိုင်ငံမဲ​ဆောက်မြို့ဘက်သို့ တိမ်း​ရှောင်​နေစဥ်၊ ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ)

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ရက်တွင် လေးကေ့ကော်ဒေသသို့ ဝင်ရောက်စီးနင်းပြီး ယင်းဒေသ၌ ခိုလှုံနေသူများကို ဖမ်းဆီးခဲ့၍ ဒီဇင်ဘာ ၁၅ရက်မှ တိုက်ပွဲများစတင်ခဲ့သည်။ စစ်ကောင်စီတပ်ကို KNU/PDF ပူးပေါင်း၍ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။