Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ဘာသာ​ရေးလှည့်ကွက်များအတွင်း မကျ​စေရန် တိုင်းရင်းသားအားလုံးဘာသာ၊ လူမျိုးမခွဲဘဲပြည်​ထောင်စုစိတ်ဓါတ်ဖြင့်​နေထိုင်ကြရန်သံဃသမဂ္ဂ (မန္တလေး) အသိပေး

အကြမ်းဖက်စစ်ကောင်စီ၏ ဘာသာရေးကို အသုံးချကာ သင်္ကန်းဝတ်အတုအယောင်များဖန်တီးလျက် အဖိနှိပ်ခံပြည်သူလူထုအပေါ် အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်နေမှုများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက် စစ်ကောင်စီ၏ ဘာသာရေး လှည့်ကွက်များ အတွင်း ကျရောက်ခြင်း မရှိစေရန် တိုင်းရင်းသား ညီအစ်ကိုများအားလုံး ဘာသာလူမျိုးမခွဲခြားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အထူးသတိထား၍ နေထိုင်ပေးကြပါရန် သံဃသမဂ္ဂ(မန္တလေး)က အသိပေးသည်။

သံဃသမဂ္ဂ(မန္တလေး) က ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်​​ခဲ့ပြီး အဆိုပါကြေညာချက်တွင် ​ဖေ​ဖော်ဝါရီ၁ ရက်​ အာဏာသိမ်းပြီးချိန်မှစ၍ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့​သော ပြည်သူများအား စစ်တပ်က အကြမ်းဖက် ဖမ်းဆီး ဖိနှိပ် သတ်ဖြတ်လျက်ရှိသည်မှာ မြန်မာသိ ကမ္ဘာသိ ဖြစ်ကြောင်း၊ယခုဆိုလျှင် ဂန့်ဂေါ၊ယော၊ ကလေး ၊ အရာတော် မုံရွာတစ်ဝိုက် တော်လှန်ရေးအင်အားစုများရဲ့ သတင်းထုတ်ပြန်ချက်များအရ ​အကြမ်းဖက်စစ်ကောင်စီတပ်များက ဘုန်းကြီး အတုအယောင်များဖန်တီးကာ သင်္ကန်းဝတ်လျက် အဖိနှိပ်ခံပြည်သူများအား အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိသည်ကို ကြားသိရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူစွာပင်အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ အကြမ်းဖက် စစ်တပ်ကလည်း ဒေသတွင်းအသီးသီးရှိ သာသနိက အဆောက်အဦးများတွင် တပ်စွဲနေထိုင်ကြလျက် အကြမ်းဖက်မှုများကိုကျူးလွန်နေကြကြောင်း၊အကြမ်းဖက် စစ်​ကောင်စီ၏ လုပ်ရပ်များကိုသံဃသမဂ္ဂအ​နေဖြင့် ရှုတ်ချခဲ့ပြီးဖြစ်သည့်အပြင် ပြည်သူနှင့်အတူ ယခုအချိန်ထိ တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ယခုကာလသည် အကြမ်းဖက် စစ်အုပ်စု အနေဖြင့် မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်မှု မျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် အချိန်ကာလလည်း ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက် စစ်ကောင်စီ၏ ဘာသာရေး လှည့်ကွက်များ အတွင်း ကျရောက်ခြင်း မရှိစေရန် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုများအားလုံး ဘာသာလူမျိုးမခွဲခြားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အထူးသတိထား၍ နေထိုင်ပေးကြပါရန်နှင့် ဘုန်းကြီး အတုယောင်များက သင်္ကန်းဝတ်လျက် အကြမ်းဖက်မှုများကို ပြုလုပ်လာနိုင်သည့် ဘေးအန္တရာယ်ကိုလည်း ရှောင်ရှားနိုင်ကြရန် ​အသိပေးလိုကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ဘာသာရေးကို အသုံးချကာ သင်္ကန်းဝတ်အတုအယောင်များဖန်းတီးလျက် အဖိနှိပ်ခံပြည်သူလူထုအပေါ် အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်နေမှုများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တ​လေး)က ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။