Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ၏ဘာသာ​ရေးလှည့်ကွက်များအတွင်း မကျ​စေရန် တိုင်းရင်းသားအားလုံးဘာသာ၊ လူမျိုးမခွဲဘဲပြည်​ထောင်စုစိတ်ဓါတ်ဖြင့်​နေထိုင်ကြရန်သံဃသမဂ္ဂ (မန္တလေး) အသိပေး

အကြမ်းဖက်စစ်ကောင်စီ၏ ဘာသာရေးကို အသုံးချကာ သင်္ကန်းဝတ်အတုအယောင်များဖန်တီးလျက် အဖိနှိပ်ခံပြည်သူလူထုအပေါ် အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်နေမှုများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက် စစ်ကောင်စီ၏ ဘာသာရေး လှည့်ကွက်များ အတွင်း ကျရောက်ခြင်း မရှိစေရန် တိုင်းရင်းသား ညီအစ်ကိုများအားလုံး ဘာသာလူမျိုးမခွဲခြားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အထူးသတိထား၍ နေထိုင်ပေးကြပါရန် သံဃသမဂ္ဂ(မန္တလေး)က အသိပေးသည်။

သံဃသမဂ္ဂ(မန္တလေး) က ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်​​ခဲ့ပြီး အဆိုပါကြေညာချက်တွင် ​ဖေ​ဖော်ဝါရီ၁ ရက်​ အာဏာသိမ်းပြီးချိန်မှစ၍ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့​သော ပြည်သူများအား စစ်တပ်က အကြမ်းဖက် ဖမ်းဆီး ဖိနှိပ် သတ်ဖြတ်လျက်ရှိသည်မှာ မြန်မာသိ ကမ္ဘာသိ ဖြစ်ကြောင်း၊ယခုဆိုလျှင် ဂန့်ဂေါ၊ယော၊ ကလေး ၊ အရာတော် မုံရွာတစ်ဝိုက် တော်လှန်ရေးအင်အားစုများရဲ့ သတင်းထုတ်ပြန်ချက်များအရ ​အကြမ်းဖက်စစ်ကောင်စီတပ်များက ဘုန်းကြီး အတုအယောင်များဖန်တီးကာ သင်္ကန်းဝတ်လျက် အဖိနှိပ်ခံပြည်သူများအား အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိသည်ကို ကြားသိရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူစွာပင်အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ အကြမ်းဖက် စစ်တပ်ကလည်း ဒေသတွင်းအသီးသီးရှိ သာသနိက အဆောက်အဦးများတွင် တပ်စွဲနေထိုင်ကြလျက် အကြမ်းဖက်မှုများကိုကျူးလွန်နေကြကြောင်း၊အကြမ်းဖက် စစ်​ကောင်စီ၏ လုပ်ရပ်များကိုသံဃသမဂ္ဂအ​နေဖြင့် ရှုတ်ချခဲ့ပြီးဖြစ်သည့်အပြင် ပြည်သူနှင့်အတူ ယခုအချိန်ထိ တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ယခုကာလသည် အကြမ်းဖက် စစ်အုပ်စု အနေဖြင့် မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်မှု မျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် အချိန်ကာလလည်း ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက် စစ်ကောင်စီ၏ ဘာသာရေး လှည့်ကွက်များ အတွင်း ကျရောက်ခြင်း မရှိစေရန် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုများအားလုံး ဘာသာလူမျိုးမခွဲခြားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အထူးသတိထား၍ နေထိုင်ပေးကြပါရန်နှင့် ဘုန်းကြီး အတုယောင်များက သင်္ကန်းဝတ်လျက် အကြမ်းဖက်မှုများကို ပြုလုပ်လာနိုင်သည့် ဘေးအန္တရာယ်ကိုလည်း ရှောင်ရှားနိုင်ကြရန် ​အသိပေးလိုကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ဘာသာရေးကို အသုံးချကာ သင်္ကန်းဝတ်အတုအယောင်များဖန်းတီးလျက် အဖိနှိပ်ခံပြည်သူလူထုအပေါ် အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်နေမှုများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တ​လေး)က ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။